ဘောလိ၀ုဒ်ဂန္တဝင်မင်းသားကြီး ရှာရှီကပူး အသက် ရ၉ နှစ်အရွယ်၌ကွယ်လွန်

ဘောလိ၀ုဒ်ဂန္တဝင်မင်းသားကြီး ရှာရှီကပူး အသက် ရ၉ နှစ်အရွယ်၌ကွယ်လွန်

ဒီဇင်ဘာ ။            ။ ဘောလိ၀ုဒ်ရုပ်ရှင်လောက၏ ဂန္တဝင်မင်းသားကြီးနှင့် ထုတ်လုပ်သူဖြစ်သော ရှာရီကပူးသည် အသက် ရ၉ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည်။

ဘောလိ၀ုဒ်၏နာမည်ကျော်ရုပ်ရှင်များဖြစ်သော Deewar နှင့် Kabhie Kabhie တို့၌ ပါ၀င်သရုပ်ဆောင်ခဲ့သည့် ရှာရီကပူးသည် အချိန်အတော်ကြာ နာမကျန်းဖြစ်နေခဲ့ပြီး ဆေးရုံ၌ ကုသမှုခံယူနေခဲ့ရသည်။

သူသည် ဟင်ဒီရုပ်ရှင်လောက၌ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် လွှမ်းမိုးထားနိုင်သည့် ကပူးမျိုးဆက်မှ ဆင်းသက်လာသူတစ်ဦးလည်းဖြစ်သည်။

ရှာရီကပူးသည် မွန်ဘိုင်းမြို့အနောက်ပိုင်းရှိ ကိုကီလာဘန်ဒီရက်ဟိုင်းအမ်ဘာနီဆေးရုံ၌ ဒီဇင်ဘာလ ၄ ရက် နေ့က ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်ကဲ့၊ သူကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ ကျောက်ကပ်ဝေဒနာခံစားနေခဲ့ရတာ နှစ်အတော်ကြာပါပြီ။ ဒါကြောင့် ဆေးကုသမှုခံယူနေရတာ တော်တော်ကြာခဲ့ပါပြီ” ဟု သူ၏တူဖြစ်သော မင်းသား ရန်ဒါကပူးက ပြောခဲ့သည်။

ရှာရှီကပူးသည် အမျိုးသားရုပ်ရှင်ထူးချွန်ဆုများစွာကို သိမ်းပိုက်ခဲ့သူဖြစ်ပြီး အိန္ဒိယအစိုးရမှ ဂုဏ်ပြုချီးမြှင့်သည့် အရပ်သားဂုဏ်ပြုဆုကိုလည်း လွန်ခဲ့သော ၂၀၁၁ခုနှစ်က ရရှိခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ဗြိတိန်နှင့် အမေရိကန်ရုပ်ရှင်များ၌လည်း ပါ၀င်သရုပ်ဆောင်ခဲ့ဖူးသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required