ပဲလေ့စ်နည်းပြဟောင်း အလန်ပါဂျူးအား နည်းပြသစ်အဖြစ် ၀က်စ်ဘရွန်းအသင်း ခန့်အပ်

ပဲလေ့စ်နည်းပြဟောင်း အလန်ပါဂျူးအား နည်းပြသစ်အဖြစ် ၀က်စ်ဘရွန်းအသင်း ခန့်အပ်

 

နိုဝင်ဘာ ၂၉၊ အင်္ဂလန် ။            ။ ၀က်စ်ဘရွန်းအသင်းသည် နယူးကာဆယ်အသင်းနှင့်ခရစ္စတယ်ပဲလေ့စ်အသင်းတို့၏နည်းပြဟောင်း အလန်ပါဂျူးကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသက် ၅၆ နှစ်အရွယ်ရှိ အလန်ပါဂျူးသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ပဲလေ့စ်အသင်းမှ ထုတ်ပယ်ခံထားရသူ ဖြစ်သည်။ ၀က်စ်ဘရွန်းအသင်းသည် အလန်ပါဂျူးကို ရာသီကုန်အထိသာ စာချုပ် ချုပ်ဆိုထားသည်။

“၀က်စ်ဘရွန်းအသင်းနည်းပြဖြစ်လာရတဲ့အတွက် ၀မ်းမြောက်မိပါတယ်။ အရည်အချင်းရှိတဲ့ ဒီကစားသမားအစုအဖွဲ့နဲ့ အလုပ်လုပ်ဖို့လည်း စိတ်ကူးနေမိပါပြီ။ ချက်ချင်းရင်ဆိုင်ရမယ့် စိန်ခေါ်မှုကတော့ ရလဒ်ကောင်းဖို့ပါပဲ။ အမှတ်ပေးဇယား အပေါ်ပိုင်းတက်နိုင်အောင် ကိုယ့်ကိုကိုယ် တွန်းတင်ရပါလိမ့်မယ်။

အင်္ဂလန်ဘောလုံးလောကမှ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းကို ပြောင်းလာရတယ်ဆိုတာ နားလည်ပါတယ်။ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်က ပရီးမီးယားလိဂ်မှာ ဆက်လက်ရှင်သန်နိုင်ဖို့ပါပဲ” ဟု အလန်ပါဂျူးက ဆိုသည်။

၀က်စ်ရွန်းအသင်းသည် ယခုနှစ်ရာသီတွင် ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နိုဝင်ဘာလ ၂၀ ရက်နေ့က နည်းပြ တိုနီပူးလစ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ယခု အလန်ပါဂျူးကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly