မြန်မာ-အိန္ဒိယအကြား ဒေသတွင်း မီဒီယာဆိုင်ရာ အပြန်အလှန်အကျိုးပြုမှု နှစ်ရက်တာပရိုဂရမ် ကျင်းပ

မြန်မာ-အိန္ဒိယအကြား ဒေသတွင်း မီဒီယာဆိုင်ရာ အပြန်အလှန်အကျိုးပြုမှု နှစ်ရက်တာပရိုဂရမ် ကျင်းပ

နိုဝင်ဘာ ၂၇ ။           ။ မြန်မာနဲ့ အိန္ဒိယအကြား ဒေသတွင်း သတင်းမီဒီယာဆိုင်ရာ အပြန်အလှန် ချိတ်ဆက် အကျိုးပြုမှု နှစ်ရက်တာ ပရိုဂရမ် တစ်ခုကို နိုဝင်ဘာ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တို့မှာ အိန္ဒိယနိုင်ငံရှိ Imphal ဟိုတယ် Sangai ခန်းမမှာ ကျင်းပလျက် ရှိပါတယ်။

အဆိုပါ နှစ်ရက်တာ အစီအစဉ်မှာတော့ မဏိပူရ် ပြည်နယ် ၀န်ကြီးချုပ် Shri N. Biren Singh နဲ့ အလုပ်သမား၊လျှပ်စစ်၊ ကုန်သွယ် စက်မှုဝန်ကြီး Shri Th. Biswajit Singh တို့က အထူးဧည့်သည်တော်နဲ့ ဥက္ကဌတို့အဖြစ် အသီးသီး တက်ရောက်ကြပါတယ်။

နိုဝင်ဘာ ၂၇ ရက်မှာ ကျင်းပမယ့် ပရိုဂရမ်မှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေအဖြစ် မြန်မာနဲ့ အိန္ဒိယအကြား မီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ နားလည်သဘောပေါက်ခြင်း၊ ကျင့်ဝတ်ရှိပြီး တာဝန်ခံမှုရှိသည့် ဂျာနယ်လစ်ဇင်သို့ ဦးတည်နေသည့် မြန်မာ့မီဒီယာအသိုင်းအဝိုင်း၊ အိန္ဒိယနိုင်ငံရှိ လွတ်လပ်ပြီး တာဝန်ခံမှုရှိသည့် မီဒီယာ ခေါင်းစဉ်များဖြင့် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်မှာ ဆက်လက်ဆွေးနွေးမယ့် ခေါင်းစဉ်တွေကတော့ အိန္ဒိယ၏ အရှေ့မျှော်ဝါဒကို တိုးမြင့်အားပေးရာ မီဒီယာ၏ ပါ၀င်မှု အခန်းကဏ္ဍ၊ မြန်မာနှင့် အိန္ဒိယအကြား မီဒီယာပုဂ္ဂိုလ်များ၏ လုပ်နိုင်စွမ်း တည်ဆောက်ခြင်း၊ မြန်မာနှင့်အိန္ဒိယအကြား ချိတ်ဆက် ဆက်သွယ်မှုနှင့် ကုန်သွယ်မှု တိုးမြင့်ရာတွင် ပါ၀င်မည့် မီဒီယာ၏ အခန်းကဏ္ဍ တို့ ဖြစ်ပါတယ်။

အဆိုပါ နှစ်ရက်တာ အစီအစဉ်တွင်  မဇျ္စိမ မီဒီယာအပါအဝင် မြန်မာနှင့် အိန္ဒိယ သတင်းစာကောင်စီတို့က သက်ဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ ဧည့်သည်တော်တွေ ပါ၀င် တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required