မြန်မာနိုင်ငံရှိ ဘီယာ၃၀ရာခိုင်နူန်းသည် တရားမဝင်ဘီယာများဖြစ်ပြီး အခွန်များစွာဆုံးရှုံးနေ

မြန်မာနိုင်ငံရှိ ဘီယာ၃၀ရာခိုင်နူန်းသည် တရားမဝင်ဘီယာများဖြစ်ပြီး အခွန်များစွာဆုံးရှုံးနေ

ရန်ကုန်၊နိုဝင်ဘာ၂၂ ။          ။ မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ဘီယာ၃၀ရာခိုင်နူန်းသည် တရားမဝင်ဘီယာများဖြစ်ပြီး ယခင်၂၀၁၆ခုနှစ်တွင် အစိုးရအနေဖြင့် အခွန်ငွေ အမေရိကန်ဒေါ်လာ သန်း၅၀ခန့်ဆုံးရှုံးခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာစျေးကွက် သုတေသနပြုသည့် ကုမ္ပဏီတစ်ခုဖြစ်သည့် Euromonitor Internation မှ ထုတ်ပြန်ခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားမဝင်ကုန်သယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ ယနေ့ ၂၂ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရးဌာန၊ နိုင်ငံတကာကျွမ်းကျင်ပညာရှင်များ၊ အများပိုင်နှင့်ပုဂ္ဂလိက လုပ်ငန်းများ ပါဝင်ဆွေးနွေးခဲ့သည်။

"မိမိတို့ဘီယာချက်လုပ်သူများအနေဖြင့် ယမန်နှစ်က အထူးကုန်စည်ခွန် ကျပ်သန်း၁၅၀ ပေးဆောင်ခဲ့ပြီး ရင်းနှီးမြုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခဲ့သည်"ဟု   မြန်မာဘီယာထုတ်လုပ်သော လုပ်ငန်းရှင်များအသင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

တရားမဝင် ဘီယာများ၏ ၉၆ရာခိုင်နူန်းမှာ မှောင်ခိုလမ်းကြောင်းမှ မြန်မာနိုင်ငံသို့ဝင်ရောက်ခြင်းဖြစ်ပြီး မှောင်ခိုလမ်းကြောင်းမှ ဝင်ရောက်လာသည့် ဘီယာ ၈၀ရာခိုင်နူန်းသည်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required