ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာသံအမတ်ကြီး ဦးစံလွင်အား လက်ခံတွေ့ဆုံ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာသံအမတ်ကြီး ဦးစံလွင်အား လက်ခံတွေ့ဆုံ
(ဓာတ်ပုံ - အီးပီအေ)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာသံအမတ်အကြီး ဦးစံလွင်နှင့် ဗာတီကန်မြို့တော်မှာ နိုဝင်ဘာ ၉ ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ သံအမတ်ကြီး ဦးစံလွင်ဟာ ဗာတီကန်မြို့နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်ခပ်ခံရသူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့ ဗာတီကန်မှာ တွေ့ဆုံခဲ့ကြပြီးနောက် မြန်မာနှင့် ဗာတီကန်တို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ရန် သဘောတူကြေညာနိုင်ခဲ့ကြပါတယ်

 

မြန်မာနိုင်ငံ ဦးရေ ၅၁ သန်းရဲ့ ၁ ရာခိုင်နှုန်းမှာ ကက်သလစ်ဘာသာဝင်များဖြစ်တယ်လို့ သိရပါတယ်။

ထင်ရှားတဲ့ အာရှ ကက်သလစ် သတင်းဌာနတစ်ခုရဲ့ ထုတ်ပြန်ချက်တစ်ခုထဲမှာ ယခုနိုဝင်ဘာလမှာ ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မယ်လို့ ဖော်ပြထားတာ ရှိပါတယ်။ အဆိုပါခရီးစဉ်မှာ လာမယ့် နိုဝင်ဘာ ၂၇ ရက်မှာ စတင်မှာဖြစ်ကြောင်းနှင့် လေးရက်ကြာမြင့်မှာဖြစ်ကြောင်း အမည်မဖော်ပြထားတဲ့ ကက်သလစ် အသိုင်းအဝိုင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ၎င်းသတင်းဌာနက ဖော်ပြထားပါတယ်။

၎င်းခရီးစဉ်သာ လက်တွေ့ဖြစ်လာမည်ဆိုပါက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေဖြင့် ဗုဒ္ဓဘာသာဝင်နိုင်ငံ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်တဲ့ ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်းကြီးတစ်ပါး ဖြစ်လာရန် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required