ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေဖို့ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းအား ကင်မ်ယူးဂျန်ရှင်းလင်းပြောဆို

ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေဖို့ဆုံးဖြတ်ခဲ့ရသည့် အကြောင်းရင်းအား ကင်မ်ယူးဂျန်ရှင်းလင်းပြောဆို

 

တောင်ကိုရီးယားမင်းသမီး ကင်မ်ယူးဂျန်၏အေဂျင်စီက သူမသည် ယခုနှစ်တွင် ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေမည်မဟုတ်ဘဲ သူမ၏အနုပညာလုပ်ငန်းများကိုသာ အာရုံစိုက်သွားမည်ဟု ကနဦးကကြေညာခဲ့သည်။ ထို့နောက် နို၀င်ဘာလ ၉ ရက်နေ့တွင် ကင်မ်ယူးဂျန်ကိုယ်တိုင် သူမ၏ပရိသတ်များအား ထိုအကြောင်းရင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုခဲ့သည်။

ကင်မ်ယူးဂျန်သည် သူမ၏ Fan Café ၌ ပို့စ်တစ်ခုတင်ခဲ့သည်။ ထိုပို့စ်ထဲ၌ “ မင်္ဂလာပါ။ ကျွန်မကင်မ်ယူးဂျန်ပါ။ ကျွန်မဒီစာရေးရတဲ့အကြောင်းရင်းက ကျွန်မရဲ့ပရိသတ်တွေကို တိုက်ရိုက်ရှင်းပြချင်လို့ပါ။ ကျွန်မအစောကြီး ကတည်းက ပရိသတ်တွေကို အသိပေးချင်ပေမယ့် သတင်းစာတွေက ကျွန်မထက်ဦးသွားပြီးတော့ ဒီသတင်းကို ကြေညာလိုက်ပါတယ်။ ကျွန်မ မကြာခင်မှာ အသက် ၂၀ ပြည့်တော့မှာပါ။ ကျွန်မရဲ့ ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးသွား အောင်လုပ်ဖို့ ကျွန်မစီစဉ်ထားသလို လာမယ့်နှစ်မှာ အနုပညာလုပ်ငန်းတွေအများကြီးလုပ်ဖို့ စီစဉ်ထားပါတယ်။ ကျွန်မရဲ့ မိသားစုနဲ့ဆွေးနွေးပြီးတဲ့နောက် လာမယ့်နှစ်မှာ ကောလိပ်မတက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ရေးသားထား သည်။

ဆက်လက်ပြီး “ဒါကြောင့် ကျွန်မဒီနှစ်မှာ ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေတော့ပါဘူး။ ကျွန်မ ကျောင်းသူဘဝကို အရမ်းလိုချင်ပေမယ့် တစ်ချိန်တည်းမှာပဲ သရုပ်ဆောင်ကောင်းဖြစ်ဖို့အတွက် ကျွန်မရဲ့အားကုန်ကြိုးစားချင်တာ ကြောင့် အရမ်းလောဘမကြီးဖို့ပဲ ကျွန်မဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မအဆင်သင့်ဖြစ်တဲ့အချိန်မှပဲ ကောလိပ်တက်ပြီး တော့ ကြိုးစားချင်ပါတယ်။ ကျွန်မကိုယုံကြည်တဲ့ ပရိသတ်တွေအတွက် ကျွန်မကြိုးစားချင်ပါတယ်။ ရှင်တို့အားလုံးကို လွမ်းပါတယ်။ အားလုံးကိုလည်းချစ်ပါတယ်။ အားပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်” ဟု သူမက ရေးသားကာ ပရိသတ်များကို အသိပေးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required