အိုင်အက်စ်တို့အတွက် တပ်သားသစ်စုဆောင်းပေးနေသော သံသယတရားခံကို စပိန်ရဲတပ်ဖွဲ့ဖမ်းဆီး

အိုင်အက်စ်တို့အတွက် တပ်သားသစ်စုဆောင်းပေးနေသော သံသယတရားခံကို စပိန်ရဲတပ်ဖွဲ့ဖမ်းဆီး

မက်ဒရစ်၊ နိုဝင်ဘာ ရ ။            ။ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ (IS) အတွက် တပ်သားသစ်များ စုဆောင်းပေးနေသော သံသယတရားခံကို စပိန်ရဲတပ်ဖွဲ့က တနင်္လာနေ့၌ဖမ်းဆီးခဲ့ကြောင်း စပိန်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

သံသယတရားခံသည် အသက် ၄၇ နှစ်အရွယ်ရှိ မော်ရိုကိုအမျိုးသားဖြစ်ပြီး သူ့ကိုစပိန်နိုင်ငံအရှေ့ပိုင်းရှိ ဆန်ဂန်တိုမြို့၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုအမျိုးသားသည် အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်ရန်အတွက် တပ်သားသစ်များကို ၀ါဒမှိုင်းများ ရိုက်သွင်းရာ၌ အလွန်ထူးချွန်သည့် သွေးထိုးလှု့ံဆော်သူတစ်ဦးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။

ဒါ့အပြင် လွန်ခဲ့သော ၂၀၁၄ ခုနှစ် နိုဝင်ဘာလက အီရန်နိုင်ငံအတွင်း၌ အသေခံကားဗုံးဖောက်ခွဲခဲ့ကာ အီရတ် စစ်သား ၃၃ ခန့်ကို သေဆုံးစေခဲ့သည့် မော်ရိုကိုလူငယ်တစ်ဦးကို အကြမ်းဖက်တိုက်ခိုက်မှုများ ကျူးလွန်အောင် နောက်ကွယ်မှသွေးထိုးလှု့ံဆော်ပေးခဲ့ရာ၌ အဓိကတာဝန်ရှိသူဟု ယူဆရကြောင်းသိရသည်။

ယင်းအမျိုးသားသည် သေဆုံးသွားသော တိုက်ခိုက်သူများကို ဂုဏ်ပြုချီးမြှောက်ယုံသာမက လုံခြံုရေးများ တင်းကြပ်နေသည့်ကြားမှ တပ်သားသစ်များစုဆောင်းရန်အတွက် အစည်းအဝေးပြုလုပ်ခဲ့သူဟုလည်း စွဲချက် တင်ထားကြောင်း သိရသည်။

ဒါ့အပြင်သူသည် တပ်သားသစ်များနှင့်တွေ့ဆုံရာ၌ သူ၏နေအိမ်ကိုအသုံးချပြီး အစွန်းရောက်သောဝါဒများကို ပို့ချပေးခဲ့သလို ကွန်ပျူတာမှ အချက်အလက်များကို ခြေရာမခံနိုင်အောင်   ဖျောက်ဖျက်ပစ်သည့်နည်းများကို လည်း သင်ကြားပေးခဲ့သူဟု စွပ်စွဲခံထားရသည်။

လွန်ခဲ့သော ၂၀၁၅ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှစတင်ပြီး စပိန်ပြည်ထဲရေးဝန်ကြီးဌာနသည် အဆင့် ၄ သတ်မှတ် ချက်ရှိသော အကြမ်းဖက်မှုသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပြီး စပိန်လုံခြံုရေးတပ်ဖွဲ့များသည် နိုင်ငံတစ်ဝန်းနှင့် နိုင်ငံရပ်ခြားမှ သံသယတရားခံ ၂၀၆ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required