၂၀၁၇ အတွက် တစ်နှစ်တာအထူးချွန်ဆုံးအမျိုးသမီးအဖြစ် ဆယ်လီနာဂိုမက်ဇ်ကို Billboard ရွေးချယ်

၂၀၁၇ အတွက် တစ်နှစ်တာအထူးချွန်ဆုံးအမျိုးသမီးအဖြစ် ဆယ်လီနာဂိုမက်ဇ်ကို Billboard ရွေးချယ်

 

၂၀၁၇ ၏ တစ်နှစ်တာအထူးချွန်ဆုံးအမျိုးသမီးဆုအတွက် နာမည်ကျော်အဆိုတေ်ာမလေး ဆယ်လီနာဂိုမက်ဇ် ကို Billboard က ရွေးချယ်သတ်မှတ်ခဲ့သည်။  

ထို့ကြောင့် Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားထိပ်ဆုံး၌ နံပါတ်တစ်နေရာမှ နှစ်ကြိမ်ခန့် ရပ်တည်ခဲ့ဖူးသော ဂိုမက်ဇ်သည် လာမည့်နို၀င်ဘာလ ၃၀ ရက်နေ့တွင် လော့စ်အိန်ဂျယ်လိစ်ရှိ Ray Dolby Ballroom ၌ကျင်းပမည့် ဂီတလောကမှအမျိုးသမီးများ နှစ်ပတ်လည်ညစာစားပွဲသို့ တက်ရောက်ပြီး ထိုဆုကို လက်ခံရယူမည်ဖြစ်သည်။

ဒါ့အပြင် အဆိုပါပွဲသို့ ဂိုမက်ဇ်အပြင် အခြားသောနာမည်ကြီး အမျိုးသမီးအဆိုရှင်များဖြစ်ကြသည့် လေဒီဂါဂါ၊ တေလာဆွစ်၊ Pink၊ ကေတီပယ်ရီ၊ ဖာဂီ၊ ဘီယွန်းစေးနှင့် ပြီးခဲ့သောနှစ်က အဆိုပါဆုကိုရရှိခဲ့သော မက်ဒေါနား တို့လည်း တက်ရောက်မည်ဖြစ်သည်။

“ဆယ်လီနာဟာ အယ်လ်ဘမ်ဇယားတွေမှာ အမြင့်ဆုံးကိုပျံတက်ပြီး ထိပ်ဆုံးမှဦးဆောင်နိုင်ရုံတင်မကပါဘူး သူမဟာ အမျိုးသမီးငယ်လေးတွေအတွက် အားကျအတုယူဖွယ်ရာ အမျိုးသမီးအဆိုရှင်အဖြစ် ရပ်တည်နေပါ တယ်” ဟု The Hollywood Reporter-Billboard Media Group ၏ ဥက္ကဌဖြစ်သူ ဂျွန်အမ်မာတိုက ပြောခဲ့ သည်။

“ သူမဟာ သူမထင်တဲ့အရာတွေကို ထုတ်ဖော်ပြောဆိုဖို့ ဘယ်တော့မှတွန့်ဆုတ်နေလေ့မရှိပါဘူး။ ဆယ်လီနာ ဟာ အခြားသူတွေလိုအပ်တဲ့အရာတွေကို ထောက်ခံအားပေးဖို့လည်း အသင့်ရှိနေခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူမကိုကျနော်တို့ရဲ့ တစ်နှစ်တာအထူးချွန်ဆုံးအမျိုးသမီးဆု (Woman of the Year) ကို ဂုဏ်ယူစွာနဲ့ ချီးမြှင့်ချင်ပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

တစ်နှစ်တာအထူးချွန်ဆုံးအမျိုးသမီးဆု (Woman of the Year) သည် ဂီတလောကကို သိသားထင်ရှားသော အထောက်အကူများပေးကာ ဂီတလုပ်ငန်းဖြင့် အောင်မြင်မှုများဆွတ်ခူးပြီး အမျိုးသမီးထုတစ်ရပ်လုံးကို အားကျ အတုယူစေနိုင်သည့် အရာများပေးစွမ်းနိုင်သော အဆိုရှင််များကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required