နေပြည်တော်လေဆိပ်တွင် ခရီးသည်တစ်ဦးထံမှ သေနတ်များတွေ့

နေပြည်တော်လေဆိပ်တွင် ခရီးသည်တစ်ဦးထံမှ သေနတ်များတွေ့
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(အောက်တိုဘာ ၁၅ရက်၊ ၂၀၁၇)။ ။ အစိုးရရုံစိုက်ရာ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသည်တစ်ဦးထံမှ သေနတ်များ တွေ့ရှိသည့်ဖြစ်စဉ်တစ်ခု ယနေ့ အောက်တိုဘာ ၁၅ရက်တွင် ဖြစ်ပွားခဲ့သည်ဟု နေပြည်တေ်တိုင်းရဲတပ်ဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက မဇ္ဈိမကို ယနေ့ညပိုင်းတွင် အတည်ပြုပြောကြားသည်။

“တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့လည်း မဆိုင်ပါဘူး။ အကြမ်းဖက်တွေနဲ့လည်း မဆိုင်ပါဘူး။ သာမန် ခရီးသည်တစ်ဦးဆီက တွေ့တာပါ။ အသေးစိတ်ကိုတော့ စိစစ်နေတုန်းပဲ” ဟု အဆိုပါ အရာရှိက အတည်ပြု ပြောကြားသည်။

တွေ့ရှိသည့်အချိန်၊ သေနတ်အရေအတွက်နှင့် အသေးစိတ်အခြေအနေများကိုမူ စိစစ်နေဆဲဟု သိရသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း(၂)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့ပြီး အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့လည်း တက်ရောက်လျက်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ၏  ဦးတေဇ၊ ဦးဇော်ဇော်၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဦးမောင်ဝိတ်၊ ဦးကိုကိုထွေး စသည့် ထင်ရှားသော ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များလည်း နေပြည်တော်သို့ ရောက်ရှိနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required