ပဲလေ့စ်ကို ရှုံးခဲ့ရသည့်အတွက် အိပ်လို့ပျော်မည်မဟုတ်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

ပဲလေ့စ်ကို ရှုံးခဲ့ရသည့်အတွက် အိပ်လို့ပျော်မည်မဟုတ်ဟု ချယ်လ်ဆီးနည်းပြ ကွန်တီပြော

အောက်တိုဘာ ၁၅၊ အင်္ဂလန် ။          ။ ခရစ္စတယ်ပဲေ့လစ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ချယ်လ်ဆီးနည်းပြကွန်တီမှာ စိတ်ပျက်လျက်ရှိပြီး အိပ်လို့ပျော်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

ပဲလေ့စ်အသင်းသည် ချယ်လ်ဆီးနှင့်ပွဲစဉ်မတိုင်ခင်က ပွဲတိုင်းရှုံးနိမ့်ထားသလို သွင်းဂိုးလည်းတစ်ဂိုးမှမရှိခဲ့ဘဲ အမှတ်ပေးဇယား အောက်ဆုံးတွင် ရပ်တည်နေသည့်အသင်း ဖြစ်သည်။ ချယ်လ်ဆီးအသင်းမှာ မန်စီးတီးကိုရှုံးနိမ့်ခဲ့ရပြီး ပဲလေ့စ်ကို ၂ ပွဲဆက် ထပ်ရှုံးရခြင်း ဖြစ်သည်။

“ကျွန်တော်က အရှုံးကို မနှစ်သက်ဖူးဆိုတာ ခင်ဗျားသိလား။ ၂ ပွဲဆက်ရှုံးရတာဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော့်ရဲ့ ခံစားချက်ကတော့ တော်တော်ဆိုးတယ် အိပ်လို့တောင် ပျော်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့ အာရုံစူးစိုက်မှုက တစ်သမတ်တည်းဖြစ်နေပါတယ်။ လာမယ့်ပွဲစဉ်မှာ ဒါကို ကောင်းမွန်တဲ့ အပြောင်းအလဲဖြစ်အောင် ပြောင်းလဲသွားရမှာပါ။ ” ဟု ကွန်တီက ဆိုသည်။

ယခုပွဲတွင် ချယ်လ်ဆီးအသင်း၌ အဓိက ကစားသမားများဖြစ်သော ကွင်းလယ်လူကန်တီနှင့် တိုက်စစ်မှူးမိုရာတာတို့ မပါဝင်နိုင်ခဲ့ကြပေ။ ထို့ကြောင့် ကွန်တီက အဓိက ကစားသမားအချို့မပါဝင်နိုင်သည့်အတွက် ရုန်းကန်ခဲ့ရကြောင်း ဝန်ခံခဲ့သည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းအကောင်းဆုံးပုံစံဖြင့် ပြန်လည်ကစားနိုင်ရန်အတွက်သာ အာရုံစိုက်ထားကြောင်းလည်း ကွန်တီက ဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required