အောင်စေပိုင်စေ ရုပ်ရှင်ဇာတ်ကား အောက်တိုဘာ ၆ရက်တွင် စတင်ပြသမည်

အောင်စေပိုင်စေ ရုပ်ရှင်ဇာတ်ကား အောက်တိုဘာ ၆ရက်တွင် စတင်ပြသမည်

 

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ။                  ။ ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) ပုံဖော် ရိုက်ကူးထားသည့် အောင်စေပိုင်စေ ဟု အမည်ပေးထားသည့် ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာ ၆ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ပြသ သွားတော့မည် ဖြစ်သည်။

အောင်စေပိုင်စေ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို စက်တင်ဘာ ၂၉ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့ပြီး ဖိတ်ကြားထားသည့် ဧည့်သည်များ ၊ ပါဝင်သရုပ်ဆောင်ထားသည့် အနုပညာရှင်များ တက်ရောက် ခဲ့ကြသည်။

ထို ရုပ်ရှင်ဇာတ်ကားကြီးကို အောင်တိုင်းကျော် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေးမှ စီစဉ်ပြီး ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်) မှ ရိုက်ကူး ပုံဖော်ကာ ဇာတ်ညွှန်း ကိုကျော် ၊ လူမင်း ၊ နေတိုး ၊ မင်းရာဇာ ၊ ညီထွဋ်ခေါင် ၊ ခိုင်သင်းကြည် ၊ အိချောပို ။ ယွန်းရွှေရည် နှင့် အခြား သရုပ်ဆောင် များစွာ တို့ ပါဝင် သရုပ်ဆောင်ထား ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required