အွန်လိုင်းပေါ်၌ အန္တရာယ်အပေးနိုင်ဆုံး အနုပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် အက်ဗရယ်လက်ဗင်း

အွန်လိုင်းပေါ်၌ အန္တရာယ်အပေးနိုင်ဆုံး အနုပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် အက်ဗရယ်လက်ဗင်း

အင်တာနက်အသုံးပြုနေစဉ် သူမ၏ အမည်ကို Search Box တွင်ရိုက်၍ ရှာဖွေလိုက်ပါက ကွန်ပျူတာကို အနှောင့်အယှက်ပေးနိုင်သော ဗိုင်းရပ်စ်များရှိသည့် ဝက်ဘ်ဆိုက်များထဲသို့   ရောက်ရှိသွားနိုင်သောကြောင့် အဆိုတော် အက်ဗရယ်လက်ဗင်းကို အွန်လိုင်းပေါ်၌ အန္တရာယ်အပေးနိုင်ဆုံး အနုပညာရှင်အဖြစ် McAfee က အင်္ဂါနေ့တွင် သတ်မှတ်ခဲ့သည်။

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ McAfee ၏ အဆိုအရ အက်ဗရယ်လက်ဗင်း၏ အမည်ကို Search Box တွင် ရိုက်၍ ရှာဖွေလိုက်ပါက အွန်လိုင်းခြိမ်းခြောက်မှုများ ပေးနိုင်သော ဝက်ဘ်ဆိုက်များထဲသို့   ရောက်သွားနိုင်သည့် ရာခိုင် နှုန်း ၁၄.၅ % ခန့်ရှိပြီး အကယ်၍ အင်တာနက်အသုံးပြုသူသည် သူမ၏ အမည်ကိုရိုက်ပြီး MP3 သီချင်းများကို ရှာဖွေပါက ဗိုင်းရပ်စ်ဝင်သည့် ရာခိုင်နှုန်း ၂၂% ခန့် မြင့်တက်သွားနိုင်ကြောင်း သိရသည်။

McAfee မှထုတ်ပြန်သည့် အင်တာနက်ပေါ်၌ အန္တရာယ်ပေးနိုင်သော ထိပ်သီးအနုပညာရှင် ၁၀ဦး စာရင်းတွင် အဆိုတော် ဘရူနိုမားစ်၊ ကာလီရေးဂျက်ပ်ဆန်၊ ဇိန်းမာလစ်ခ်၊ ဆယ်လင်းဒီယွန်၊ ကယ်လ်ဗင်ဟားရစ်၊ ဂျက်စတင်ဘီဘာ၊ ရှောင်ဒစ်ဒီ၊ ကောမ်ဘ်၊ ကေတီပယ်ရီ နှင့် ဘီယွန်းစေးတို့က အစဉ်အတိုင်း ရပ်တည်နေကြ သည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required