တယ်ရွန်အက်ဂါတွန်၏ Robin Hood ရုပ်ရှင် ပြသမည့်ရက်ရွှေ့ဆိုင်း

တယ်ရွန်အက်ဂါတွန်၏ Robin Hood ရုပ်ရှင် ပြသမည့်ရက်ရွှေ့ဆိုင်း

Lionsgate ရုပ်ရှင်ထုတ်လုပ်ရေးမှ ဖြန့်ချီမည့် တယ်ရွန်အက်ဂါတွန် ပါဝင်သရုပ်ဆောင်ထားသော Robin Hood ရုပ်ရှင်၏ ပြသမည့်ရက်ကို ခြောက်လခန့် နောက်ဆုတ်လိုက်ပြီး ထိုရုပ်ရှင်ကို လာမည့် ၂၀၁၈ စက်တင်ဘာလ ၂၁ရက်နေ့၌ ပြသရန်စီစဉ်ထားသည်။

 ထိုဇာတ်ကားထဲတွင် အက်ဂါတွန်အပြင် အခြားသရုပ်ဆောင်များဖြစ်ကြသော ဂျေမီဖော့စ်၊ အိဗ်ဟူဆန်နှင့် Fifty Shades of Grey ရုပ်ရှင်၏ ကြယ်ပွင့်ဖြစ်သူ ဂျေမီဒေါ်နန်တို့လည်း ပါဝင်သရုပ်ဆောင်ထားသည်။

ဇာတ်ညွှန်း ရေးဆရာ ဂျိုဘီဟာရိုးလ်၏ ဇာတ်ညွှန်းအတိုင်း ဒါရိုက်တာအော့တိုဘက်သာ့စ်က ထိုဇာတ်ကားကို ရိုက်ကူးထား သည်။ ဒါ့အပြင် မင်းသားလီယိုနာဒိုဒီကာပရီရိုသည် ထိုဇာတ်ကား၏ ထုတ်လုပ်သူများထဲမှ တစ်ဦးဖြစ်သည်။

ထိုရုပ်ရှင်သည် စစ်အတွေ့အကြုံပြည့်ဝနေသော ရော်ဘင်ဟုဒ်က မွတ်စလင်စစ်ဗိုလ်ကြီးတစ်ဦးနှင့် ပူးပေါင်းပြီး အကျင့်ပျက်ခြစားနေသော အင်္ဂလိပ်ဘုရင်ကို တော်လှန်၍ ထီးနန်းအတွက် ပုန်ကန်ပုံအား ဇာတ်အိမ်တည်ထား ခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်များအတွင်း ရော်ဘင်ဟုဒ်ရုပ်ရှင်အများအပြား ထွက်ရှိခဲ့ပြီး ထိုထဲကမှ ၂၀၁၀ခုနှစ်က ထွက်ရှိခဲ့ သော မင်းသားရက်ဆဲလ်ခရိုးနှင့် မင်းသမီးကိတ်ဘလန့်ချက်တို့ ပါဝင်သရုပ်ဆောင်ထားသည့် Robin Hood ဇာတ်ကားသည် အောင်မြင်ခဲ့ကာ ဝင်ငွေအမေရိကန်ဒေါ်လာ ၃၂၁သန်းခန့် ရရှိခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required