H1N1လူနာ နည်းသွား၍ ​ ၃ ရက်လျှင် တစ်ကြိမ်သာ သတင်းထုတ်ပြန်တော့မည်ဟု ဆို

H1N1လူနာ နည်းသွား၍ ​ ၃ ရက်လျှင် တစ်ကြိမ်သာ သတင်းထုတ်ပြန်တော့မည်ဟု ဆို

ရန်​ကုန်​၊ သြဂုတ်​လ ၂၂ ။          ။ ရာသီတုပ်​​ကွေး H1N1 ဖြစ်ပွားမှုလူနာ နည်​းပါးသွားသည်​့အတွက်​ ​သတင်းထုတ်ပြန်ချက်အား ၃ ရက်လျှင် တစ်ကြိမ် ထုတ်ပြန်တော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်​ကြီးဌာန၊ ပြည်​သူ့ကျန်​းမာ​ရေးဒုညွှန်​ချုပ်​​ဒေါက်​တာသန်​းထွန်​း​အောင်​က မဇ္စျိမကို​ ပြောသည်​။

"သုံးရက်​​လောက်​​နေမှ တစ်​ခါထုတ်​​တော့မယ်​ ။ လူနာလည်​း နည်​းသွားလို့"ဟု ကျန်းမာရေးနှင့် အားကစားဝန်​ကြီးဌာန၊ ပြည်​သူ့ကျန်​းမာ​ရေးဒုညွှန်​ချုပ်​​ ဒေါက်​တာသန်​းထွန်​း​အောင်​က မဇ္စျိမကို​ ပြောသည်​။

ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန ပြည်​သူ့ကျန်​းမာ​ရေးဦးစီးဌာနမှ ​ဇူလိုင်​ ၂၄ ရက်​​နေ့မှစတင်​ပြီး ​ နေ့စဉ်​​ရောဂါဖြစ်​ပွားမှု​ အ​ခြေအ​နေနှင်​့ ​ဆောင်​ရန်​​ရှောင်​ရန်​များကို ထုတ်​ပြန်​ခဲ့ခြင်းဖြစ်ပြီး စတင် သတင်းထုတ်ပြန်သည့်နေ့မှ သြဂုတ်လ ၂၀ ရက်အထိ တစ်လနီးပါးအတွင်း H1N1 ပိုး​တွေ့လူနာ၂၉၇ ဦး ရှိခဲ့ကာ သေဆုံးသူ ၃၀ အထိ ရှိလာသည်။

ထို့ပြင် ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ ​နောက်​ဆုံးထုတ်​ပြန်​ချက်​တွင် H1N1​ပိုး​တွေ့​သော်​လည်​း ​​တခြား​ရောဂါဖြင်​့ ​သေဆုံးသူ (၂၀)ဦးရှိ​နေသည်​။

သို့သော် လူနာဖြစ်ပွားနှုန်း လျော့ကျသွားသည်ဟုဆိုကာ ​ ယမန်​​နေ့ သြဂုတ်​လ ၂၁ ရက်​​နေ့မှ စ၍ ၃ ရက်​တစ်​ကြိမ် ​​ ထုတ်​ပြန်​​တော့မည် ​ဖြစ်​သည်​။

လက်ရှိတွင် ပြင်​ပလူနာအဖြစ်​​ဆေးရုံတက်​​ရောက်​သူ (၁၆)ဦး၊ အတွင်​းလူနာအဖြစ်​တက်​​ရောက်​ကုသသူ (၃၆)ဦး ရှိ​နေပြီး ပြန်​လည်​ကျန်​းမာ​ရေး​ကောင်​းမွန်​လာ၍ ​ဆေးရုံမှဆင်​းသွားသူ လူနာ ၁၉၅ ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required