ပြင်​းထန်​အသက်​ရှုလမ်​း​ကြောင်​း​ရောဂါနှင်​့ H1N1ကို နီးစပ်​ရာ​ဆေးရုံ​ဆေးခန်​းများတွင်​ အခမဲ့စစ်​​ဆေးကုသနိုင်​

ပြင်​းထန်​အသက်​ရှုလမ်​း​ကြောင်​း​ရောဂါနှင်​့ H1N1ကို နီးစပ်​ရာ​ဆေးရုံ​ဆေးခန်​းများတွင်​ အခမဲ့စစ်​​ဆေးကုသနိုင်​

ရန်​ကုန်​၊ သြဂုတ်​ ၁၄ ။                ။ လတ်​တ​လောပြင်​းထန်​အသက်ရှုလမ်​းကြောင်းရောဂါလက္ခဏာခံစားရပါက ​နီးစပ်​ရာ​ဆေးရုံ​ဆေးခန်​းများသို့ သွား​ရောက်​ပြီး အခမဲ့စစ်​​ဆေးကုသနိုင်​​ကြောင်​း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၊ ပြည်​သူ့ကျန်​းမာ​ရေးဌာနမှ ဒုညွှန်​ချုပ်​ ဦးသန်​းထွန်​း​အောင်​က​ပြောသည်​။

အဆိုပါ​ဆေးရုံ​၊​ ဆေးခန်​းများတွင်​ ပြင်​းထန်​အသက်​ရှုလမ်​း​ကြောင်​း​ရောဂါအား စစ်​​ဆေးသွားမည်​ဖြစ်​ပြီး Seasonal Influeza A(H1N1​)pdm09 ရောဂါပိုးအတွက်​ပါ စစ်​​ဆေးကုသ​ပေးသွားမည်​ဖြစ်​သည်​။

"အဲဒီဟာ​တွေအားလုံး အခမဲ့ပါပဲ။ ဒီလိုမျိုးကူးစက်​​ရောဂါတစ်​ခုခုဖြစ်​တယ်​ဆို Out Breakဆိုရင်​ အားလုံးက​တော့အခမဲ့ပဲ"ဟု ပြည်​သူ့ကျန်​းမ​ာ​ရေးဌာနမှ ဦးသန်​းထွန်​​အောင်​က​ပြောသည်​။

လတ်​တ​လောပြင်​းထန်​အသက်​ရှုလမ်​း​ကြောင်​း​ရောဂါ၏ အဓိကလက္ခများသည်​ အသက်​ရှူကြပ်​ခြင်း၊ သတိလစ်​ခြင်​းတို့အပြင်​ ဂဏှာမငြိမ်​ခြင်​းတို့လည်​း ပါဝင်​​နေသည်​။

ခုခံကျကာလသားရောဂါ၊ကျောက်ကပ်ရောဂါ၊ ပြင်းထန်အဆုတ်တီဘီရောဂါ၊ ဆီးချို သွေးချို စသည့် အခြားရောဂါအခံရှိသောသူများနှင့် ရာသီတုပ်ကွေးရောဂါ ပြင်းထန်စွာ ခံစားရနိုင် သော အသက်အရွယ်ကြီးသူများ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့်   ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်၍ အချိန်မီ ထိရောက်စွာ ကုသမှုခံယူသင်​့​ကြောင်​းကို ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနက ထုတ်​ပြန်​ချက်​တွင်​ ​ဖော်​ပြထားသည်​။

လက်​ရှိအချိန်​တွင်​ အဆိုပါ လတ်​တ​လောပြင်​းထန်​အသက်​ရှုလမ်​း​ကြောင်​း​ရောဂါလက္ခဏာ​တွေ့ရှိသူများကို ​ဆေးရုံ၊ ​ဆေးခန်​းများသို့ အမြန်​ဆုံးပို့​ဆောင်​​ပေးရန်​ ညွှန်​ကြားထား​ကြောင်​း ပြည်​သူ့ကျန်​းမာ​ရေးဌာနမှ ဒုညွှန်​ချုပ်​ဦးသန်​းထွန်​း​အောင်​က​ပြောသည်​။

သြဂုတ်လ(၁၂)ရက်​ နေ့လည်​(၂)နာရီမှ သြဂုတ်လ(၁၃)ရက်၊​ နေ့လည်​(၂) နာရီအထိ သံသယလူနာ (၃၄)ဦးအားဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာတွင် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm09 ပိုးတွေ့လူနာ (၉) ဦးတွေ့ရှိခဲ့သည်။

ဇူလိုင်လ (၂၁)ရက်မှ သြဂုတ်​(၁၃)ရက်​​အထိ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ (၆၁၇) ဦးအနက် H1N1 ပိုးတွေ့လူနာစုစုပေါင်း (၂၃၀) ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံး၌ သေဆုံးသူစုစုပေါင်း (၂၃)ဦးရှိပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required