ဘာစီလိုနာကို ရီးယဲလ်တို့ (၁-၃)ဂိုးနဲ့ အနိုင်ရတဲ့ စပိန်စူပါဖလားပထမအကျော့

ဘာစီလိုနာကို ရီးယဲလ်တို့ (၁-၃)ဂိုးနဲ့ အနိုင်ရတဲ့ စပိန်စူပါဖလားပထမအကျော့
(ဓာတ်ပုံ - အီးပီအေ)

စပိန်စူပါဖလား ပထမအကျော့ပွဲစဉ်မှာ စီရော်နယ်လ်ဒိုက ဂိုးသွင်းယူခဲ့ပြီးနောက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ပေမယ့် ဘာစီလိုနာကို ရီးယဲလ်မက်ဒရစ်က (၁-၃)ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်ဖက်အသင်း ဂိုးမသွင်းကြဘဲ ဒုတိယပိုင်း မိနစ် (၅၀)မှာ မာဆယ်လိုရဲ့ ဖြတ်တင်ဘောကို ပီကေး ဖြတ်လိုက်ရာကနေ ကိုယ့်ကိုဂိုးသွင်းမိတာကြောင်း ရီးယဲလ်တို့က တစ်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဆွာရက်ဇ်ကို ဂိုးသမား နာဗက်က တားဆီးမိသလိုဖြစ်ရာမှ ကွင်းလယ်ဒိုင်က ပင်နယ်ပေးခဲ့ပါတယ်။ မက်ဆီကပဲ ပွဲချိန် (၇၇)မိနစ်မှာပဲ ရရှိတဲ့ ပင်နယ်တီကို သွင်းယူခဲ့တာကြောင့် တစ်ဂိုးစီနဲ့ သရေကျနေခဲ့ပါတယ်။ နေမာမရှိတဲ့ ဘာစီလိုအသင်းဟာ ဒီပွဲမှာ ရုန်းကန်ခဲ့ရတာကို မြင်တွေ့ရပါတယ်။

ဘာစီလိုနာတို့ အနိုင်ဂိုးရရှိဖို့ ရီးယဲလ်ကို ဖိအားပေး ကစားခဲ့ပေမယ့် မိနစ် ၅၈ မှာ ဘန်ဇီမာအစား ဝင်ရောက်လာတဲ့ စီရော်နယ်လ်ဒိုက မိနစ် ၈၀ မှာ ရီးယဲလ်တို့အတွက် နောက်တစ်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂိုးသွင်းယူပြီး အကျီင်္ချွတ် အောင်ပွဲခံခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ ၈၁ မိနစ်မှာ အဝါထိပြီး မကြာလိုက်ပဲ ၎င်းကို ဟန်ဆောင်လဲချတယ်ဆိုကာ ဒိုင်က နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ပယ်လိုက်ပါတယ်။

ပွဲချိန်နောက်ပိုင်းမှာလဲ ဘာစီလိုနာက အသားစီးရယူကာ အပိုင်ဂိုးတွေ လွှဲချော်ခဲ့သလို ရီးယဲလ် တန်ပြန်တိုက်စစ်ကို မထိန်းနိုင်ခဲ့တာကြောင့် မိနစ် ၉၀ မှာ အဆန်စီယိုက နောက်ထပ် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူကာ ရီးယဲလ်တို့ (၃-၁)နဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် ပထမအကျော့ နူးကမ့်ကွင်းမှာ ကစားရတဲ့ ဧည့်သည် ရီးယဲမက်ဒရစ်က အသာစီးရယူထားလိုက်နိုင်ပြီဖြစ်ပါတယ်။

ရီးယဲလ်က ဘာစီလိုနာကို စပိန်စူပါဖလား ဒုတိယအကျော့အဖြစ် ဗုဒဟူးနေ့မှာ အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

စပိန်စူပါဖလား (ပထမကျေ့ရလဒ်)

ဘာစီလိုနာ ၁-၃ ရီးယဲလ်မက်ဒရစ်
မက်ဆီ (pen) ရ၇' - ပီကေး (OG) ၅၀', ရော်နယ်လ်ဒို ၈၀', အဆန်စီယို ၉၀'

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required