စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်အသင်း ဗလင်စီယာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရ

စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်အသင်း ဗလင်စီယာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရ
Photo: EPA

ဆော်ဒီအာရေးဗျနိုင်ငံ King Fahd ကွင်းမှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်က ဗလင်စီယာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရသွားပါတယ်။

ဥရောပနဲ့ လာလီဂါချန်ပီယံတွေဟာ ကာရင် ဘန်ဇီမာရဲ့ ပင်နယ်တီကြောင့် အသာစီးရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ဆီမြူရယ် လီနိုရဲ့ ချေပဂိုးကြောင့် ၁-၁ ဂိုး ဖြစ်ခဲ့ပါတယ်။ မိနစ် ၉၀ အတွင်း သရေဖြစ်ခဲ့တာကြောင့် အချိန်ပိုအထိ ဆက်ကစားခဲ့ပါတယ်။

မက်ဒရစ်က ပင်နယ်တီအဆုံးအဖြတ်မှာ သူတို့ရဲ့ကန်သွင်းချက်အားလုံး ဂိုးဖြစ်ခဲ့ပေမယ့် ဗလင်စီယာရဲ့ ကော်မတ်က လွဲချော်ခဲ့ပြီး သီဘော့ ကော်တိုအာက ဟိုဆေးဂါယာရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့တာကြောင့် ရီးယဲလ်တို့ ၄-၃ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

ရီးယဲလ်ဘက်တစ်ဟာ ကြာသပတေးနေ့မှာ ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ဂိုးသမားတစ်ယောက်အနေနဲ့ ပင်နယ်တီကို လေ့လာသင့်တယ်ဆိုတာ သေချာတာပေါ့”လို့ ကော်တိုအာက ပြောပါတယ်။

"ဂါယာက ဆီဗီလာနဲ့ပွဲမှာ သူ့ရဲ့ နောက်ဆုံး ပင်နယ်တီဂိုးကို ဘယ်ဘက်ကို ကန်သွင်းရာမှာ လွဲချော်ခဲ့ပြီး ဘက်တစ်နဲ့ပွဲမှာ သူ့ရဲ့နောက်ဆုံးဂိုးကို အလယ်တည့်တည့်ကို သွင်းယူခဲ့တာပါ။ ဒါကြောင့် သူဒီပွဲမှာ အလယ်တည့်တည့်ကိုပဲ ကန်သွင်းတော့မယ်ဆိုတာ ကျနော်တို့ သိနေပါတယ်။"

(BBC)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly