တောင်ငူတွင် အမှိုက်ကျင်းတူးဖော်ရာမှ ဗုံးသီးဟောင်းများနှင့် ခဲယမ်းများတွေ့ရှိ

တောင်ငူတွင် အမှိုက်ကျင်းတူးဖော်ရာမှ ဗုံးသီးဟောင်းများနှင့် ခဲယမ်းများတွေ့ရှိ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

ရန်ကုန်၊ သြဂုတ် ၁၂ ။           ။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆိပ်ဖူးတောင်ကျေးရွာ၊ ကပ်ကျော်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း အမှိုက်ကျင်းတူးဖော်ရာမှ ဗုံးသီးများနှင့် ခဲယမ်းများတွေ့ရှိကြောင်း   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

အဆိုပါနေရာသို့ သြဂုတ်လ ၁၀ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် နယ်မြေခံတပ်မှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ အလျား ၁၅ လက်မ၊ အချင်း ၄ လက်မ၊ လုံးပတ် ၁၂ ဒသမ ၅ လက်မရှိ ရ၇ မမအမြောက်ကျည်ထိပ်ဖူး(ဟောင်း)တစ်လုံး၊ အလျား ၁၄ လက်မ၊ အချင်း၃ ဒသမ ၅ လက်မ၊ လုံးပတ် ၁၁ ဒသမ ၅ လက်မ၊ အလေးချိန်ပေါင် ၂၀ ရှိ လေယာဉ်ချဗုံးသီး(ဟောင်း)နှစ်လုံး၊ အလျား ၅ လက်မ၊အချင်း ၂ လက်မ၊ လုံးပတ် ၆ လက်မရှိ အမြောက်ကျည် ထိပ်ဖူး(ဟောင်း)နှစ်လုံး၊ ရ ဒသမ ၉ မမ ကျည်(ဟောင်း)ခုနှစ်တောင့်နှင့် ၆ ဒသမ ၅ မမ ကျည်(ဟောင်း) ငါးတောင့် တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါတူးဖော်တွေ့ရှိခဲ့သည့် ဗုံးသီးများနှင့်ခဲယမ်းများအား နယ်မြေခံစစ်မြေပြင်အင်ဂျင်နီယာတပ်၌ စနစ်တကျထိန်းသိမ်းထားရှိပြီး လုပ်ထုံးလုပ်နည်းနှင့်အညီဖျက်ဆီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required