မန်ယူနောက်ခံလူ မန်ဆက်ရှ်ကို ပဲလေ့စ်အသင်း အငှားဖြင့် ခေါ်ယူ

မန်ယူနောက်ခံလူ မန်ဆက်ရှ်ကို ပဲလေ့စ်အသင်း အငှားဖြင့် ခေါ်ယူ

သြဂုတ် ၁၁၊ အင်္ဂလန် ။           ။ ခရစ္စတယ်ပဲလေ့စ်အသင်းသည် မန်ယူနောက်ခံကစားသမား ဖိုဆူမန်ဆက်ရှ်ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၁၉ နှစ်အရွယ်ရှိ မန်ဆက်ရှ်သည် ချယ်လ်ဆီးမှ လိုတက်ချိနှင့် အေဂျက်ဇ်မှ ရီဒီဝေါ့တို့ပြီးနောက် ပဲလေ့စ်အသင်း၏ တတိယမြောက် ကစားသမားခေါ်ယူမှု ဖြစ်သည်။

“မန်နေဂျာက ပဲလေ့စ်ကိုလာဖို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော့်ကို သူ့အသင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်စေချင်တယ်လို့ ပြောပါတယ်။ ကျွန်တော့်ဘက်က ကွင်းအတွင်းမှာ အကောင်းဆုံးခြေစွမ်းပြပြီး ပဲလေ့စ်အသင်းအတွက် ပြန်လည်ပေးဆပ်သွားမှာပါ” ဟု မန်ဆက်ရှ်က ပြောသည်။

မန်ဆက်ရှ်သည် ၂၀၁၆ ဖေဖော်ဝါရီလက အာဆင်နယ်အသင်းနှင့်ပွဲစဉ်တွင် မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်တွင် စတင်ပွဲထွက်ခွင့်ရခဲ့သူ ဖြစ်သည်။ မန်ယူအသင်းနှင့်အတူ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၂ ပွဲ ပါ၀င်ကစားထားသည်။

ပဲလေ့စ်အသင်းမှာ လာမည့်စနေနေ့တွင် အိမ်ကွင်း၌ ပရီးမီးယားလိဂ်ပွဲစဉ်အဖွင့်ပွဲအဖြစ် တန်းတက်ဟက်ဒါဖီးလ်အသင်းကို လက်ခံကစားရမည်ဖြစ်ပြီး မန်ဆက်ရှ်လည်း ပွဲထွက်ကစားဖွယ် ရှိနေသည်။

ရည်ညွှန်း ပရီးမီးယားလိဂ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required