မန်ယူနှင့်ကစားရမည့် ဥရောပစူပါဖလားပွဲအတွက် စီရော်နယ်ဒိုလေ့ကျင့်ခန်းပြန်ဆင်းပြီ

မန်ယူနှင့်ကစားရမည့် ဥရောပစူပါဖလားပွဲအတွက် စီရော်နယ်ဒိုလေ့ကျင့်ခန်းပြန်ဆင်းပြီ

သြဂုတ် ၆၊ စပိန် ။         ။ ရီးယဲလ်အသင်း၏ အဓိကတိုက်စစ်မှူး စီရော်နယ်ဒိုသည် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ဥရောပစူပါဖလားပြိုင်ပွဲအတွက် လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်သည်။

စီရော်နယ်ဒိုသည် ပေါ်တူဂီအသင်းနှင့်အတူ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ကစားခဲ့ရသောကြောင့် ရီးယဲလ်အသင်းက ခွင့်ရက်ပို ပေးထားခြင်း ဖြစ်သည်။

ရီးယဲလ်အသင်းသည် စီရော်နယ်ဒိုမပါ၀င်နိုင်သည့် ရာသီအကြို ခြေစမ်းပွဲစဉ်များတွင် တစ်ပွဲမှ အနိုင်ရခဲ့ခြင်းမရှိဘဲ နောက်ဆုံးပွဲစဉ်မှသာ မေဂျာလိဂ်အောစတားအသင်းကို ပင်နယ်တီဖြင့် အနိုင်ရခဲ့သည်။

စီရော်နယ်ဒိုသည် ၎င်း၏ကြံ့ခိုင်မှု အပြည့်အဝပြန်လည်ရရှိရန် တစ်ဦးတည်းကိုယ်ပိုင်လေ့ကျင့်ရေးမပြုလုပ်မီ အသင်းဖော်များနှင့်ဦးစွာ တွဲဖက်လေ့ကျင့်ခဲ့သည်။

ရီးယဲလ်အသင်းနှင့် မန်ယူအသင်းတို့သည် လာမည့် လာမည့်သြဂုတ်လ ၉ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁း၁၅ တွင် မက်ဆီဒိုးနီးယားနိုင်ငံ၊ Philip II Arena တွင် ယူအီးအက်ဖ်အေ စူပါဖလားပွဲစဉ်ကို ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်ဒိုသည် လက်ရှိတွင်အခွန်ကိစ္စရပ်များ ဖြေရှင်းနေရသည့်အတွက် စိတ်ရှုပ်ထွေးလျက်ရှိနေပြီး အင်္ဂလန်သို့ ပြန်လည်ပြောင်းရွှေ့လိုကြောင်း ပြောဆိုထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required