ဂျိမ်းစ်ရိုဒီရီဂွက်ဇ်နှင့် မော်ဒယ် ဒဲယ်ညာလို အောစပီနာတို့ လမ်းခွဲကြောင်း ကြေညာ

ဂျိမ်းစ်ရိုဒီရီဂွက်ဇ်နှင့် မော်ဒယ် ဒဲယ်ညာလို အောစပီနာတို့ လမ်းခွဲကြောင်း ကြေညာ
(ဓာတ်ပုံ - အီးပီအေ)

ကိုလံဘီယာ ကစားသမား ဂျိမ်းစ်ရိုဒီရီဂွက်ဇ်နှင့် မော်ဒယ် ဒဲယ်ညာလို အောစပီနာတို့ဟာ (၆)နှစ်ကျော် အတူလက်ထပ်နေထိုင်ခဲ့ပြီးနောက် "နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီမှု"ဖြင့် လမ်းခွဲပြတ်ဆဲလိုက်ပြီဖြစ်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

"၆ နှစ်ခွဲကြာ လက်ထပ်ခဲ့ပြီးနောက် နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီမှုနှင့် အကောင်းဆုံးဖြစ်မယ့် စံနှုန်းထားတွေအောက်မှာ ဆောင်ရွက်ခဲ့ပြီးနောက် အောစပီနာနှင့် ဂျိမ်းစ်ရိုဒီရီဂွက်ဇ်၊ ရှာလုံ ရိုဒီရီဂွက်ဇ် အောစပီနာရဲ့ မိဘများဟာ လမ်းခွဲလိုက်ကြောင်း တရားဝင်ပြုလုပ်ခဲ့ပါတယ်"လို့ မော်ဒယ် အောစပီနာရဲ့ လူမှုကွန်ယက်စာမျက်နှာများပေါ်က ကြေညချက်က ဖော်ပြထားပါတယ်။

ရီးယဲလ်မှ အငှားသွားကစားတဲ့ ဘိုင်ယန်မြူးနစ်စူပါစတား ဂျိမ်းစ်ရိုဒီရီဂွက်ဇ်နှင့် မော်ဒယ် ဒဲယ်ညာလို အောစပီနာတို့ဟာ လမ်းခွဲကြတော့မယ်လို့ လပေါင်းများစွာက ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် နောက်ဆုံးမှာတော့ နှစ်ဖက်လမ်းခွဲလိုက်ကြောင်း ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

သူတို့နှစ်ဦး ကွဲကွာနေပေမယ့် "ရှာလုံရဲ့ ပျော်ရွှင်စေဖို့ဟာ ပထမဦးဆုံးနှင့် အရေကြီးဆုံးဖြစ်ပြီး သူ့အပေါ် ချစ်ခြင်းမေတ္တာနှင့် လေးစားမှုအပြည့်နဲ့ ဆက်ဆံသွားမှာဖြစ်ကြောင်း။ သူတို့သမီးကို ပြုစုပျိုးထောင်ပြီး ပညာရေးအတွက် မိဘများအဖြစ် ဆက်လက်ရှိနေဦးမယ်"လို့ ဆိုပါတယ်။

သူတို့ရဲ့ သမီးငယ်ကို ဘယ်သူက အုပ်ထိန်းသူဖြစ်မယ်ဆိုတာတော့ ကြေညာချက်က ပြောမထားပါဘူး။

လက်ရှိမှာ ဒဲယ်ညာလိုဟာ ကိုလံဘီယာမှာ အလုပ်လုပ်နေပြီး ဂျိမ်းစ်ကတော့ ရာသီကြိုခရီးစဉ်အဖြစ် စင်္ကာပူမှာ ဘိုင်ယန်နှင့်အတူ ရှိနေပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required