Wonder Woman ၏ နောက်ဆက်တွဲရုပ်ရှင်ကို ၂၀၁၉တွင် ပြသမည်ဟုကြေညာ

Wonder Woman ၏ နောက်ဆက်တွဲရုပ်ရှင်ကို ၂၀၁၉တွင် ပြသမည်ဟုကြေညာ

ဟောလိ၀ုဒ်မှ နာမည်ကျော်ရုပ်ရှင်စတူဒီယို Warner Bros က မင်းသမီးဂယ်လ်ဂါဒေါ့ ပါ၀င်သရုပ်ဆောင်ထားပြီး လွန်ခဲ့သောဇွန်လက Box Office ရုံဝင်ငွေစံချိန်များကို ချိုးဖျက်နိုင်ခဲ့သော အမျိုးသမီးသူရဲကောင်း  Wonder  Woman ၏ နောက်ဆက်တွဲရုပ်ရှင်ကို လာမည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလတွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့သည်။

အစ္စရေးမင်းသမီး ဂယ်လ်ဂါဒေါ့သည် အဆိုပါဇာတ်လမ်း၏ အဓိကဇာတ်ကောင် ဒိုင်ယာနာပရင့်စ်အဖြစ် ထပ်မံ သရုပ်ဆောင်သွားမည်ဖြစ်သည်။

မကြာသေးခင်ကမှ ထွက်ရှိထားသော Wonder Woman ရုပ်ရှင်သည် ရုံဝင်ငွေအမြောက်အမြား ရရှိခဲ့ယုံသာမ က ဝေဖန်ရေးသမားများထံမှ ကောင်းမွန်သောမှတ်ချက်များ ရရှိခဲ့ပြီး မြောက်အမေရိကားစျေးကွက်တွင် Beauty and the Beast ရုပ်ရှင်ပြီးနောက်တွင် ဒုတိယမြောက် ရုံဝင်ငွေအကောင်းဆုံးဇာတ်ကား ဖြစ်ခဲ့သည်။

ဒါ့အပြင် Wonder Woman ရုပ်ရှင်သည် ကမ္ဘာတစ်ဝန်းမှလည်း ရုံဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ရ၈၀ ခန့် ရရှိထားခဲ့သည်။

Warner Bros ၏ ထုတ်ပြန်ချက်ထဲတွင် Wonder Woman 2 ကို လာမည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့ တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း အခြားအသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ ခြင်းမရှိကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required