မွမ်ဘိုင်းမြို့တွင် အဆောက်အအုံပြိုကျရာမှ သေဆုံးသူ ၁၂ ဦးအထိ ရှိ

မွမ်ဘိုင်းမြို့တွင် အဆောက်အအုံပြိုကျရာမှ သေဆုံးသူ ၁၂ ဦးအထိ ရှိ

မွမ်ဘိုင်း၊ ဇူလိုင် ၂၅ ။         ။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ဇူလိုင် ၂၅ ရက်က အဆောက်အအုံတစ်ခု ပြိုကျရာမှ လူ ၁၂ ဦးအထိ သေဆုံးပြီး အာဏာပိုင်များမှာ အပျက်အစီးများအောက် ပိတ်မိနေသူများကို ကယ်ထုတ်နိုင်ရေး ကြိုးစားလျက်ရှိနေသည်။

တိုက်အပျက်အစီးပုံအောက်မှ အလောင်း ၁၂ လောင်းကို တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြောင်း၊ သေဆုံးသူများတွင် အမျိုးသမီးက ခြောက်ဦးဖြစ်ကြောင်း၊ ဆေးရုံတင်ပို့ထားရသူ ၁၄ ဦး ရှိကြောင်း မွမ်ဘိုင်းမီးသတ်ဌာန အကြီးအကဲ ရာဟန်ဒယ်က အီးပီအေသတင်းဌာနသို့ ပြောသည်။

"ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေပါတယ်။"ဟု ရာဟန်ဒယ်က ဆိုပြီး ပြိုကျအဆောက်အအုံတွင် နေ့ကလေးထိန်းကျောင်းတစ်ခုရှိသော်လည်း ပြန်လည်ပြုပြင်နေချိန်ဖြစ်ရာ ကလေးတစ်ဦးမျှ ရှိမနေခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

အပျက်အစီးပုံအောက်တွင် ပိတ်မိနေသူ ၃၀ မှ ၄၀ အထိ ရှိမည်ဟု တွေးထင်ထားကြောင်း ၎င်းကဖြည့်စွက်ဆိုသည်။ ကယ်ဆယ်ရေးဗင်ကားနှစ်စီးနှင့် မီးသတ်ကား ၁၄ စီး မြို့ဆင်ခြင်ဖုံးရပ်တွင်ရှိသော တိုက်ပြိုကျရာသို့ ရောက်ရှိနေသည်။

အိန္ဒိယတွင် အကျင့်ပျက်ခြစားမှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများရှိ အမူအကျင့်ဆိုးများ၏ ရလဒ်အဖြစ် အခြေခံအဆောက်အအုံများ ဟောင်းနွမ်းသည့် အခြေအနေ ရှိနေခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုနည်းပါးခြင်းတို့ကြောင့် ယခုကဲ့သို့သော ဖြစ်ရပ်ဆိုးမျိုး ဖြစ်ပွားလေ့ရှိသည်။

၂၀၁၆ သြဂုတ်လအတွင်းက မဟာရာရှာထရာပြည်နယ်တွင်းမှာပင် ရေကြီးမှုဖြစ်သည့် ဒေသအတွင်း တံတားတစ်စင်းပြိုကျရာမှ လူ ၂၀ ကျော် သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required