အာရှယူ-၂၃ ခြေစစ်ပွဲအောင်ရန် ခက်ခဲမည်ဟု ဂတ်ဇီဆီ ဝန်ခံ

အာရှယူ-၂၃ ခြေစစ်ပွဲအောင်ရန် ခက်ခဲမည်ဟု ဂတ်ဇီဆီ ဝန်ခံ

ဇူလိုင် ၅၊ ရန်ကုန်။         ။ မြန်မာယူ-၂၂အသင်းအနေဖြင့် အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲတွင် အုပ်စုပထမနေရာဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်ရန် ခက်ခဲမည်ဟု နည်းပြချုပ် ဂတ်ဇီဆီက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာယူ-၂၂အသင်းမှာ အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲအုပ်စု(စ)တွင် သြစတြေးလျ၊ စင်ကာပူ၊ ဘရူနိုင်းအသင်းများနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး ခြေစစ်ပွဲအုပ်စု၁၀ခုမှ အုပ်စုပထမရအသင်းများနှင့် အကောင်းဆုံးအုပ်စုဒုတိယရအသင်းတို့ခြေစစ်ပွဲအောင်မည်ဖြစ်သည်။ ကျွန်တော်တို့ အုပ်စုမှာ သြစတြေးလျအသင်းက အတောင့်တင်းဆုံးအသင်းပါ။ ကျော်ဖြတ်ဖို့မလွယ်ကူပါဘူး။ ဒါကြောင့် အကောင်းဆုံး အုပ်စုဒုတိယနေရာအတွက်အဓိကပစ်မှတ်ထားယှဉ်ပြိုင်ရမှာပါ။ KBZ Bank Cup ကအသင်းအားနည်းချက်တွေ ကိုအချိန်တိုအတွင်းပြင်ဆင်ပြီး အာရှခြေစစ်ပွဲဝင်ပြိုင်မှာပါ။ ဟု ဂတ်ဇီဆီကပြောသည်။

မြန်မာယူ-၂၂အသင်းမှာ ၂၀၁၄ အာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး အိုမန်၊ ကိုရီးယား၊ ဂျော်ဒန်အသင်းများနှင့်တစ်အုပ်စုတည်းကျရောက်ကာ ပွဲတိုင်းရှုံးပြီး အုပ်စုအဆင့်မှထွက်ခဲ့ရသည်။ မြန်မာယူ-၂၂အသင်းပါဝင်မည့် အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံ၊ သုဝဏ္ဏကွင်းတွင် ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၁၉ရက်မှ ၂၃ရက်အထိ ကျင်းပမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required