တိုက်စစ်မှူးဒီယေဂိုကော်စတာ၏ နေရာတွင် အစားထိုးရန် မလွယ်ကူကြောင်း လမ်းပတ်ပြော

တိုက်စစ်မှူးဒီယေဂိုကော်စတာ၏ နေရာတွင် အစားထိုးရန် မလွယ်ကူကြောင်း လမ်းပတ်ပြော

ဇွန် ၂၅၊ အင်္ဂလန် ။        ။ ချယ်လ်ဆီးအသင်း၏ ဂန္ထဝင်ကွင်းလယ်ကစားသမားဖရန့်လမ်းပတ်က ဒီယေဂိုကော်စတာမှာ ထိပ်တန်းတိုက်စစ်မှူး တစ်ဦးဖြစ်ပြီး သူ၏ နေရာတွင် အစားထိုးရန် မလွယ်ကူကြောင်း ပြောဆိုလိုက်သည်။

ကော်စတာသည် ပြီးခဲ့သည့်ရာသီက ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ ပွဲကစားခဲ့ရာတွင် ဂိုး ၂၀ အထိသွင်းယူပြီး ခြေစွမ်းပြခဲ့သူဖြစ်သည်။ သို့သော် ချယ်လ်ဆီးနည်းပြကွန်တီက သူ၏ အနာဂတ်အစီအစဉ်တွင် ကော်စတာ မပါဝင်တော့ကြောင်း ဖုန်းဖြင့်မက်ဆေ့ပို့ကာ အကြောင်းကြားခဲ့သည်။

ကော်စတာအနေဖြင့် အသင်းဟောင်းအက်သလက်သို့ပြန်သွားလိုသည်ဟု ပြောဆိုထားသော်လည်း လက်ရ်ှိတွင် အက်သလက်အသင်းကိုဖီဖာက ၂၀၁၈ ခုနှစ်အထိ အပြောင်းအရွှေ့ ပိတ်ပင်ထားသောကြောင့် စပိန်ကစားသမား၏ အနာဂတ်မှာ ေ၀ဝါးလျက်ရှိသည်။

လမ်းပတ်က ‘ကော်စတာက တကယ်ကိုကောင်းမွန်တဲ့ တိုက်စစ်မှူးတစ်ဦးပါ။ ချယ်လ်ဆီးကိုရောက်ကတည်းက ဒါကိုတွေ့နိုင်သလို ပြီးခဲ့တဲ့ရာသီကလည်း တွေ့ခဲ့ရပြီးပါပြီ။ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ခက်ခဲပါလိမ့်မယ်။ ဒါက လုံးဝသံသယ ဖြစ်စရာ မလိုပါဘူး။

သူချယ်လ်ဆီးမှာ ဆက်နေမယ်ဆိုရင် ခြေစွမ်းပြဦးမှာပါပဲ။ ဆက်မနေဘူးဆိုရင်တော့ သူ့နေရာမှာ အစားထိုးဖို့ ကမ္ဘာ့ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ကို ရှာရပါလိမ့်မယ်။ ကော်စတာဟာ ကြံ့ခိုင်မှုရှိသလို ဂိုးသွင်းစွမ်းရည်ကောင်းတွေကို ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ မော်ဒန်ဘောလုံးလောကမှာ သူ့လို တိုက်စစ်မှူးကိုရှာဖို့ မလွယ်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required