ချမ်ဘာလိန်ကိုခေါ်ယူချင်သည့် အသင်းများထဲတွင် ချယ်လ်ဆီးလည်းပါဝင်လာဖွယ်ရှိ

ချမ်ဘာလိန်ကိုခေါ်ယူချင်သည့် အသင်းများထဲတွင် ချယ်လ်ဆီးလည်းပါဝင်လာဖွယ်ရှိ

ဇွန် ၂၀၊ လန်ဒန်။          ။ အာဆင်နယ်ကွင်းလယ်ကစားသမား ချမ်ဘာလိန်ကိုခေါ်ယူချင်သည့်အသင်းများထဲတွင် ချယ်လ်ဆီးအသင်းလည်းပါဝင်လာတော့ မည်ဖြစ်သည်။

အင်္ဂလန်ကွင်းလယ်ကစားသမားကို အာဆင်နယ်အသင်းက စာချုပ်သစ်ချုပ်ရန်ကြိုးပမ်းမှုမအောင်မြင်ခြင်းကို လန်ဒန် အနောက်ပိုင်းကလပ်က အသုံးချရန် အသင့်ဖြစ်နေသည်။

စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့သည့် ချမ်ဘာလိန်ကို လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့ကလည်း ခေါ်ယူချင်နေကြ သည်။

၂၀၁၁ တွင်ဆောက်သမ်တန်မှပြောင်းလာပြီး အသက် ၂၃ နှစ်သာရှိသေးသည့် ချမ်ဘာလိန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ကွန်တီ၏ အဓိကရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ဖွယ်ရှိသည်။

ပုံမှန်ပွဲထွက်ကစားခွင့်ကို အခြားအသင်းတစ်သင်းနှင့်အတူရှာဖွေရန် အသင်းပြောင်းဖွယ်ရှိသည်ဟု ချမ်ဘာလိန်က ပြီးခဲ့သည့် အောက်တိုဘာတွင်ပြောဆိုထားသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required