ဂွာတီမာလာတွင် ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်၊ ငါးဦး သေဆုံး

ဂွာတီမာလာတွင် ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်၊ ငါးဦး သေဆုံး

ဇွန် ၁၅ ။         ။ ဂွာတီမာလာနိုင်ငံတွင် ဇွန်လ ၁၄ ရက်က ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ အားပြင်း ငလျင်တစ်ခု လှုပ်ခဲ့ပြီးနောက် ငါးဦး သေဆုံးပြီး အဆောက်အအုံအများအပြား ပြိုကျပျက်စီးသွားခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။

မက္ကဆီကိုနယ်စပ်အနီး နိုင်ငံအနောက်ပိုင်းခြမ်း ဒေသတွင် လှုပ်ခတ်သည့် အဆိုပါ အားပြင်းငလျင်ကြောင့် ခုနှစ်ဦး ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်ဟု အမျိုးသားအရေးပေါ်ပူးပေါင်းဆောင်ရွက်ရေး   အေဂျင်စီက ထုတ်ပြန်သည်။

ယခု သေဆုံးသွားသူများထဲအနက် နှစ်ဦးမှာ ငလျင်လှုပ်ပြီး ပြိုကျလာသည့် အဆောက်အအုံ အစိတ်အပိုင်းများထိခိုက်ပိမိခဲ့ရာမှ သေဆုံးခဲ့ကြရခြင်း ဖြစ်ပြီး အခြားအမျိုးသမီး သုံးဦးဟာလည်း ငလျင်ကြောင့် ထိတ်လန့်တုန်လှုပ်ပြီး နှလုံးအမောဖောက်ကာ သေဆုံးခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ငလျင်ကြောင့် နေအိမ်အများအပြား ပျက်စီးသွားခဲ့ပြီး နောက်ဆက်တွဲ မြေပြိုမှုတစ်ချို့ကြောင့်လည်း အဝေးပြေးလမ်းမတစ်ချို့ ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။

" ခုလို ငလျင်ကြောင့် သေကျေပျက်စီးခဲ့ရတဲ့အပေါ် များစွာဝမ်းနည်းမိပါတယ်" ဟု သမ္မတ ဂျင်မီ မော်ရေးစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required