လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်လာရန် တောင်သူလယ်သမားတွေ ရိုးမဘဏ်၌ ငွေချေးယူနိုင်တော့မည်

လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်လာရန် တောင်သူလယ်သမားတွေ ရိုးမဘဏ်၌ ငွေချေးယူနိုင်တော့မည်

ရန်ကုန်၊ ဇွန် ၇ ။            ။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရန် ရည်ရွယ်ပြီး ရိုးမဘဏ် နှင့် Robo ဘဏ်တို့ပူးပေါင်းကာ တောင်သူလယ်သမားများကို ချေးငွေထုတ်ချေးပေးသည့် အစီအစဉ် စတင်နေပြီဖြစ်သည်။

ချေးငွေများကို ရိုးမဘဏ်များတွင် ချေးယူနိုင်မည်ဟုဆိုသော်လည်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် နယ်သာလန်သံရုံး ရိုးမဘဏ်သည် နယ်သာလန်အခြေစိုက် Rabo ဘဏ်နှင့် ၂နှစ်ကြာပူပေါင်းဆောင်ရွက်ရန်အတွက် ဇွန်လ ၇ရက်နေ့က နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီး Mr.Wouter Jurgens က "ရိုးမဘဏ်နဲ့ပူးပေါင်းပြီး စီစဉ်နေတဲ့အရာတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့တောင်သူတွေကို အငှားဝယ်ယူစနစ်ပေ့ါ။ အငှားဝယ်ယူစနစ်မှာ တောင်သူတွေက လယ်ယာသုံးပစ္စည်းတွေကို ဝယ်သုံးတဲ့အခါမှာ အရင်တုန်းကလိုဈေးကြီးကြီးနဲ့ ဝယ်သုံးစရာမလိုဘူး။ ပေးရတဲ့အရစ်ကို လျှော့ချပြီးတော့တောင်သူတွေက ပစ္စည်းတွေကို ဝယ်နိုင်အောင်ပံ့ပိုးပေးမယ်။ တောင်သူတွေက ဒီပစ္စည်းတွေကို ဝယ်လာနိုင်တဲ့အခါ အသုံးပြုခြင်းအားဖြင့် လယ်ယာဖွံ့ဖြိုးမှုကတိုးတက်လာမယ်။တောင်သူတွေရဲ့ဘဝတွေကိုမြှင့်တင်နိုင်အောင် ကြိုးစားနေပါတယ်" ဟု သူကဆက်ပြောသည်။

ရိုးမဘဏ်နှင့်ပူးပေါင်းပြီး တောင်သူတွေကို ကူညီပေးမည့် Rabo ဘဏ်သည် နယ်သာလန်နိုင်ငံ၏ လယ်သမားများ တည်ထောင်ထားသော ဘဏ်တစ်ခုဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍများ၌ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ကူညီပေးနေကြောင်း သိရသည်။

"ရိုးမဘဏ်ကနေပြီးတော့ လယ်သမားတွေကို ကူညီပေးမှုတွေလုပ်မယ်။ နောက်ကျလို့ရှိရင် လယ်သမားတွေကို ဒါရိုက်ချေးငှားတဲ့စနစ်ကို အသုံးပြုသွားမယ်။ အခုမဖွံ့ဖြိုးတဲ့ဒေသတွေကို လယ်ယာစိုက်ပျိုးတဲ့ဒေသဖြစ်လာဖို့ အရေးနဲ့ လယ်ယာစိုက်ပျိုးရေးဖြစ်နေပြီးသားဒေသတွေကိုလည်း ပိုပြီးတော့ တိုးတက်စေဖို့ အဓိကထားပြီးကူညီသွားမှာဖြစ်ပါတယ်" ဟု ရိုးမဘဏ်၏ အထူးအကြံပေးနှင့် အမှုဆောင်အရာရှိချုပ် Mr.Hal Bosher ကပြောသည်။

ရိုးမဘဏ် နှင့် Rabo ဘဏ်တို့၏ ပူးပေါင်းလုပ်ဆောင်မည့်စာချုပ်အရ မြန်မာတစ်နိုင်ငံလုံးရှိ လယ်ယာစိုက်ပျိုးရေးကဏ္ဍများအတွက် ဘဏ္ဍရေးဆိုင်ရာလိုအပ်ချကများ၊ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ၂နှစ်ကြာ အကူအညီ ပေးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required