အစ္စလာမ်မစ်တိုက်ခိုက်ရေးသမားခေါင်းဆောင်ပိုင်းကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆုငွေအမြောက်အမြားထုတ်ထား

အစ္စလာမ်မစ်တိုက်ခိုက်ရေးသမားခေါင်းဆောင်ပိုင်းကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဆုငွေအမြောက်အမြားထုတ်ထား

မနီလာ၊ ဇွန် ၅ ။             ။ အစ္စလာမ်မစ်အစွန်းရောက်များ သိမ်းပိုက်ထားသည့် တောင်ပိုင်းမြို့အား ပြန်လည်သိမ်းယူရေးက ထင်သည်ထက် ကြာမြင့်နိုင်ကြောင်း ဖိလစ်ပိုင်စစ်တပ်က သတိပေးထားစဉ် သမ္မတဒူတာတေးက အစ္စလာမ်မစ်တိုက်ခိုက်ရေးသမားများ၏ ခေါင်းဆောင်များအား ဆုငွေအမြောက်အမြား ထုတ်လိုက်သည်။

မာလာဝီမြို့ကို သိမ်းပိုက်ထားသည့် အိုင်အက်စ်သစ္စာခံ လက်နက်ကိုင် ရာပေါင်းများစွာကို စစ်တပ်က လေကြောင်းထိုးစစ်၊ အမြှောက်ပစ်ကူနှင့် မြေပြင်တပ်ရင်းများဖြင့် စစ်ဆင်လျက်ရှိနေသည်။ စစ်သွေးကြွအုပ်စု ထိန်းချုပ်ထားရာနယ်မြေများအတွင်း ပိတ်မိနေသည့် အရပ်သား ၂၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း အစိုးရက ထုတ်ပြန်သည်။

တိုက်ပွဲကြောင့် ပြည်သူ ၁၇၈ ဦးသေဆုံးပြီး နှစ်သောင်းခွဲနီးပါး အိုးအိမ်စွန့်ထွက်ပြေးရကြောင်း အစိုးရတာဝန်ရှိသူများက ဆိုသည်။

အစွန်းရောက်ခေါင်းဆောင်များဖြစ်သော အစ်နေးလွန်ဟာပီလွန်၊ အဗ္ဗဒူလက်ရှ်မူတီနှင့် ၎င်း၏ညီ အိုမာခရမ်မူတီတို့အား ဖမ်းဆီးသတင်းပေးနိုင်က ဆုကြေးငွေ စုစုပေါင်း ပီဆိုသန်းနှစ်ဆယ်(အမေရိကန်ဒေါ်လာ ၄၁၀၀၀၀ ဒေါ်လာ)အား သမ္မတဒူတာတေး ထုတ်ထားကြောင်း စစ်တပ်ထုတ်ပြန်ချက်အရ သိရသည်။

ယခုထုတ်ထားသည့် ဆုငွေတစ်ဝက်သာသာမှာ ဟာပီလွန်အတွက် ထုတ်ထားခြင်းဖြစ်ပြီး ၎င်းသည် ဖိလစ်ပိုင်အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required