ဆက်သွယ်ရေးဥပဒေသည် ပြည်သူတွေကို ကာကွယ်ပေးနိုင်မှု အားနည်းနေသည်ကို တွေ့ရပြီး ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေ

ဆက်သွယ်ရေးဥပဒေသည် ပြည်သူတွေကို ကာကွယ်ပေးနိုင်မှု အားနည်းနေသည်ကို တွေ့ရပြီး ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေ

ရန်ကုန်၊ ဇွန် ၂ ။                ။ ဆက်သွယ်ရေးဥပဒေသည် ဆက်သွယ်ရေးဝန်ဆောင်မှုအသုံးပြုသူများကို အကာအကွယ်ပေးရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့်   ပြဋ္ဌာန်းထားခြင်း   ဖြစ်သော်လည်း ပြည်သူများကို ကာကွယ်ပေးနိုင်မှု အားနည်းနေသည်ကို တွေ့ရသဖြင့် ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေကြောင်း Myanmar Information Development Organization (MIDO)၏ ဒါရိုက်တာ မထိုက်ထိုက်အောင်က ပြောသည်။

Summit Park View Hotel တွင် ဇွန်လ ၂ရက်နေ့က ကျင်းပခဲ့သည့် Human Right Defenders Forumတွင် ယခုလို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

"သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာမြှင့်တင်ဖို့တို့ ဘာတို့ ပါဝင်သလို နောက်ဆုံးအချက်များ သူက အသုံးပြုသူတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ကလည်းပါတယ်။ ဒီတော့ ဒီသုံးစွဲတဲ့သူတွေကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်က အခုထက်ထိ ဘာမှ မယ်မယ်ရရ ကောင်းကောင်း ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ဟာက မတွေ့သေးဘူး။ အဲ့ဒီတော့ ဆက်သွယ်ရေးဥပဒေဆိုရင် ၆၆(ဃ)တင်မဟုတ်ဘဲ အကုန် အစဆုံးပြန်ပြီးတော့ သုံးသပ်သင့်တယ်။ ပြင်ဆင်သင့်တယ်ဆိုတာကို တွေ့ရပါတယ်" ဟု မထိုက်ထိုက်အောင်က ပြောသည်။

၂၀၁၃ခုနှစ် အောက်တိုဘာ ၈ရက်တွင် ပြဌာန်းခဲ့သည့် ဆက်သွယ်ရေးဥပဒေတွင် ပုဒ်မပေါင်း ၈၆ခုပါဝင်ပြီး လူသိအများဆုံးမှာ ပုဒ်မ ၆၆(ဃ) ဖြစ်သည်။ ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် အမှုနည်းပါးသော်လည်း ယခုအစိုးရလက်ထက်တွင်မူ ၆၆(ဃ) ဖြင့် တရားစွဲဆိုမှုများမှာ ၂၀၁၇၊ မေလ ၂၄ရက်အထိ ၆၇မှု ရှိနေကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ ကောက်ခံရရှိထားသော စာရင်းများအရ သိရသည်။ အများစုမှာ အရပ်သားအချင်းချင်းစွဲဆိုမှုများဖြစ်ပြီး နိုင်ငံရေးပါတီများ သို့မဟုတ် အစိုးရကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့ ညနေမှာပင် တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ထားသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့သည် ဗဟန်းမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required