နေအိမ်တွင် တရားမဝင် သစ်ခွဲစက်လုပ်နေသူအား ဖမ်းမိ

နေအိမ်တွင် တရားမဝင် သစ်ခွဲစက်လုပ်နေသူအား ဖမ်းမိ

ရန်ကုန်၊ မေလ ၃ဝ ။         ။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် နေအိမ်အတွင်း သစ်များသိုလှောင်ပြီး စက်များဖြင့် တရားမဝင် ခွဲစိတ်နေသူအား ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

မဟာအောင်မြေမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် တရားမဝင်သစ်များ သိုလှောင်ထားကြောင်း သတင်းအရ မေလ ၂၆ ရက် ညနေ ၅နာရီအချိန် သွားရောက်စစ်ဆေးခဲ့ရာမှ ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့သို့ နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် သိုလှောင်ထားသည့် ကျွန်းသစ်များ၊ ပိတောက်သစ်များ၊ တမလန်းသစ်များ ၁ဝ တန်ခန့်၊ လွှဝိုင်းစက် တစ်လုံး၊ ရေပေါ်စက်ခုံ တစ်လုံးနှင့်အတူ အိမ်ရှင်ဖြစ်သူ အသက် ၅ဝ နှစ်အရွယ် ဒေါ်ရန်ဆိုင်မေ့ဆိုသူအားဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားမဝင် သိုလှောင်ထားသည့် သစ် ၁ဝ တန်ခန့်နှင့်အတူ သစ်ခွဲစက်များ ဖမ်းရဆီးရမိခဲ့သဖြင့် အိမ်ရှင်ဖြစ်သူ ဒေါ်ရန်ဆိုင်မေ့ဆိုသူအား မဟာအောင်မြေမြို့မရဲစခန်းတွင်(ပ) ၃၂၅/၂၀၁၇၊ ပြည်သူပိုင်ပုဒ်မ ၆(၁) အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required