မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကာရစ် တစ်နှစ်စာချုပ် သက်တမ်းတိုးရန် နီးစပ်

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကာရစ် တစ်နှစ်စာချုပ် သက်တမ်းတိုးရန် နီးစပ်

မေ ၁၇၊ မန်ချက်စတာ။                 ။ မိုက်ကယ်ကာရစ်သည် မန်ချက်စတာယူနိုက်တက်အသင်း၏ တစ်နှစ်စာချုပ်သက်တမ်းတိုးခြင်းကို ခံရတော့မည်ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ကွင်းလယ်ကစားသမားသည် ဇွန် ၄ တွင် ယူနိုက်တက်အသင်းနှင့် ၁၁ ရာသီပြည့်တော့မည်ဖြစ်သည်။

စာချုပ်ကိစ္စဆွေးနွေးမှုမှာ တိုးတက်နေပြီး ဇွန် ၃၀ တွင်ပြည့်မည့်လက်ရှိစာချုပ်ကို သက်တမ်းတိုးနိုင်ရန် နှစ်ဖက်စလုံးက ယုံကြည်မှုမြင့်မားနေသည်။

ကာရစ်သည် ၂၀၀၆ တွင် စပါးအသင်းမှ ယူနိုက်တက်ထံ ပေါင် ၁၈ ဒသမ ၆ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည်။ ပြိုင်ပွဲစုံ ၄၅၇ ပွဲ ကစားပြီး ယူနိုက်တက်၏ ပွဲထွက်အများဆုံးစာရင်းတွင် ၁၇ နေရာ၌ရပ်တည်နေကာ ၂၄ ဂိုးသွင်းယူထားသည်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းမှာ ပရီးမီးယားလိဂ်ဖလား ၅ လုံး၊ ချန်ပီယံလိဂ်နှင့် အက်ဖ်အေဖလား တစ်လုံး၊ လိဂ်ဖလား ၂ လုံးရထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required