ပရီးမီးယားလိဂ်တွင် ဆုကြေးပေါင် ၁ ဘီလီယံ ရရှိသည့် ပထမဆုံးအသင်း ဖြစ်လာတော့မည့် မန်ယူအသင်း

ပရီးမီးယားလိဂ်တွင် ဆုကြေးပေါင် ၁ ဘီလီယံ ရရှိသည့် ပထမဆုံးအသင်း ဖြစ်လာတော့မည့် မန်ယူအသင်း

မေ ၁၆၊ အင်္ဂလန် ။                 ။ ယခုနှစ်တွင် ရရှိမည့် ဆုကြေးငွေကြောင့် မန်ယူအသင်းသည် ပရီးမီးယားလိဂ်တွင် ဆုကြေးငွေပေါင် ၁ ဘီလီယံကျော်ရရှိသည့် ပထမဆုံးပရီးမီးယားလိဂ်ကလပ်အသင်း   ဖြစ်လာတော့မည် ဖြစ်သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ဟု အမည်ပြောင်းလဲခဲ့သည့် ၁၉၉၂-၉၃ ရာသီမှစတင်ပြီး ပြီးခဲ့သည့် ၂၀၁၅-၁၆ ရာသီအထိ စုစုပေါင်းဆုကြေးငွေ ပေါင်သန်း ၈၇၀ ရရှိထားသည်။

ယခုနှစ်တွင် ပရီးမီးယားလိဂ်၌ အဆင့် ၂၀ ရရှိပြီး တန်းဆင်းရသည့်အသင်းပင်လျှင် ဆုကြေးပေါင်သန်း ၁၀၀ ရရှိမည်ဖြစ်သည်။ ချန်ပီယံချယ်လ်ဆီးအသင်းမှာ ပေါင်သန်း ၁၅၀ ကျော် ရမည်ဖြစ်ပြီး ကျန် အသင်းအားလုံးမှာ ပေါင်သန်း ၁၀၀ နှင့် ၁၅၀ ကြား ရရှိကြမည် ဖြစ်သည်။

 ထို့ကြောင့် လက်ရှိတွင် အဆင့်ခြောက်နေရာ၌ရပ်တည် နေသော မန်ယူအသင်းမှာလည်း အနည်းဆုံးဆုကြေးငွေ ပေါင်သန်း ၁၀၀ ကျော်ရရှိမည်ဖြစ်သည့်အတွက် ဆုကြေးငွေစုစုပေါင်းမှာ ၁ ဘီလီယံကျော်သွားတော့မည် ဖြစ်သည်။

ပရီးမီးယားလိဂ်သမိုင်းတွင် မန်ယူအသင်းပြီးနောက် ဆုကြေးငွေအများဆုံး ရရှိထားသည့်အသင်းမှာ အာဆင်နယ်အသင်းဖြစ်ပြီး ပေါင် ၈၄၂.၄ သန်းကျော် ရရှိထားသည်။ အာဆင်နယ်၏နောက်တွင် လီဗာပူးလ်နှင့်ချယ်လ်ဆီးတို့ ရပ်တည်နေပြီး ပေါင် ၈၁၅.၄ သန်းကျော် ရရှိနေကြသည်။

ပရီးမီးယားလိဂ်တွင် ဆုကြေးအများဆုံးရရှိထားသည့် ထိပ်ဆုံးငါးသင်း

မန်ယူ - ၈၇၀,၂၇၀,၁၇၈

အာဆင်နယ် - ၈၄၂,၇၆၇,၄၄၃

လီဗာပူးလ် - ၈၁၅,၄၄၂,၁၃၂

ချယ်လ်ဆီး - ၈၁၅,၃၆၅,၃၂၃

စပါး - ၇၅၀,၂၈၁,၉၀၆

ရည်ညွှန်း - ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required