ဂျကာတာမြို့တော်ဝန်အား ရာထူးချရေး ထောင်ပေါင်းများစွာသော ပြည်သူများ ဗဟိုရင်ပြင်တွင် စုရုံးဆန္ဒပြ

ဂျကာတာမြို့တော်ဝန်အား ရာထူးချရေး ထောင်ပေါင်းများစွာသော ပြည်သူများ ဗဟိုရင်ပြင်တွင် စုရုံးဆန္ဒပြ

ဂျကာတာ၊ ဧပြီ ၁ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ ဗဟိုရင်ပြင်တွင် မတ် ၃၁ ရက်က စုရုံးရောက်ရှိနေကြသော ပြည်သူထောင်ပေါင်းများစွာက မြို့တော်ဝန်ဖြစ်သူအား ဘာသာရေးစော်ကားမှုကြောင့် ရာထူးက ဖယ်ရှားရန် တောင်းဆိုကြသည်။

ဂျကာတာမြို့တော်ဝန် ဘာဆူကီတာဂျာဟာဂျာက ဘာသာရေးစော်ကားပြောဆိုသည်ဆိုကာ ၎င်းအား မြို့တော်ဝန် ရာထူးက ဖယ်ရှားရန် တောင်းဆိုကာ စုရုံးဆန္ဒပြကြခြင်းဖြစ်သည်။

နိုင်ငံလူဦးရေ၏ ၉၀ ရာခိုင်နှုန်းက မွတ်စလင်ဦးရေဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ခရစ်ယာန် တရုတ်လူမျိုးဖြစ်သည့် ဘာဆူကီက နိုဝင်ဘာလအတွင်းက နိုင်ငံရေးပြိုင််ဖက်များကို ဝေဖန်ရာတွင် ကိုအာန်ကျမ်းကို တစ်လွဲကိုးကားခဲ့ခြင်းကြောင့် ရဲက ယင်းအမှုအတွက်လည်း ၎င်းကို စစ်ဆေးလျက်ရှိနေသည်။

စုံစမ်းရေးအဖွဲ့က ဘာဆူကီအား သံသယစွဲချက်ဖြင့် တရားရုံးတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း အင်ဒိုနီးရှားရာဇဝတ်မှုစုံစမ်းရေးဌာန အကြီးအကဲ အရီဒိုနိုက နောက်ပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။

ဘာဆူကီ၏ ဘာသာရေးစော်ကားပြောဆိုသည် စွပ်စွဲချက်ဖြင့် ၎င်းအား ဆန္ဒပြမှုများ ဖြစ်ပွားရာတွင် နိုဝင်ဘာ ၄ ရက်က ဆန္ဒပြမှုသည် အင်အား တစ်သိန်းကျော်ထက်မနည်းရှိခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့တွင် အကြီးဆုံးမွတ်စလင်နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required