ကြားဖြတ်​​ရွေး​ကောက်​ပွဲ​နေ့တွက်​ ​ဇောတိကပိုက်​လိုင်​း ပြန်ကောင်းလျှင် လျှပ်စစ်မီးအပြည့်ပေးနိုင်မည်

ကြားဖြတ်​​ရွေး​ကောက်​ပွဲ​နေ့တွက်​ ​ဇောတိကပိုက်​လိုင်​း ပြန်ကောင်းလျှင် လျှပ်စစ်မီးအပြည့်ပေးနိုင်မည်

ရန်​ကုန်​၊ မတ်​၂၈ ။           ။ ၂၀၁၇ခုနှစ် ဧပြီလ ၁ ရက်​​တွင်​ ကျင်​းပမည်​့ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​နေ့အတွက် ဇောတိကပိုက်​လိုင်​းရရှိလျှင် လျှပ်စစ်ဓာတ်​အားပေးနိုင်မည်​ဖြစ်​​ကြောင်​း YESCမှ အင်​ဂျင်​နီယာချုပ်​ ဦး​စော​မောင်​က​ပြောသည်​။

"ကြားဖြတ်​​ရွေးကောက်​ပ​ွဲ​က​တော့ ကျွန်​​တော်​တို့ ​ပေးမှာ​ပေါ့။ ၁ရက်​​နေ့မှာ ​ဇောတိကပိုက်​ဝင်​လာလို့ရှိရင်​ ကျွန်​​တော်​တို့ဗို့အား မ​လျော့ဘဲ​ပေးလို့ရပါတယ်" ဟု ​သူက ဆိုသည်​။

​ဇောတိက,က ပို့လွတ်​တဲ့ ဓာတ်​​ငွေ့ပိုက်​လိုင်​းမှာ ​ရေး နှင့် ကံ​ပေါက်​အနီးတွင်​ ပိုက်​လိုင်​းကွဲအက်​မှု မတ်​လ ၂၆ရက်​​က ဖြစ်​​ပေါ်ခဲ့သဖြင်​့ ဇောတိကလိုင်းမှ မီးပေးမှုကို ရပ်​ဆိုင်​းခဲ့ရသည်​။

ထိုဖြစ်​စဉ်​​ကြောင်​့ ရန်​ကုန်​တိုင်​း​ဒေသကြီးအတွင်​း၌ လျှပ်​စစ်​ဓာတ်​အား ထုတ်​လုပ်​မှု (၄၅၀)မဂ္ဂါဝက်​ခန်​့ ​လျော့နည်​းခဲ့ရပြီး ယခုလက်​ရှိတွင်​ စက်​မှုဇုန်​​များကို ဧပြီလ ၂ရက်​​နေ့အထိ ဓာတ်​အားဖြတ်​​တောက်​ထားရှိခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly