Earth Hour ၂၀၁၇ အထိမ်းအမှတ် ရန်ကုန်တွင် အရေးတကြီး မလိုအပ်သည့် လျှပ်စစ်မီးများပိတ်ကာ ရွှေတိဂုံတွင် ဆီမီး ၁၀၀၀ပူဇော်

Earth Hour ၂၀၁၇ အထိမ်းအမှတ် ရန်ကုန်တွင် အရေးတကြီး မလိုအပ်သည့် လျှပ်စစ်မီးများပိတ်ကာ ရွှေတိဂုံတွင် ဆီမီး ၁၀၀၀ပူဇော်

မြန်မာနိုင်ငံတွင် ပထမဆုံး ပြည်သူများပါဝင်လှုပ်ရှားခဲ့သည့် Earth Hour ၂၀၁၇ အထိမ်းအမှတ်အဖြစ် မတ် ၂၅ရက် ညက ရန်ကုန်တွင် အရေးတကြီး မလိုအပ်သည့် လျှပ်စစ်မီးများပိတ်ကာ   ရွှေတိဂုံဘုရားပေါ်တွင် ဆီမီး ၁၀၀၀ပူဇော်ခဲ့ကြသည်။

အဆိုပါ လှုပ်ရှားမှုတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအား အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ဗုဒ္ဓဘာသာသံဃာတော်များ ဦးဆောင်၍ ဆုတောင်းမေတ္တာပို့သခြင်း ၊  ထောင်ချီသော ပြည်သူများမှ  ဆီမီးခွက် တစ်သောင်းပူဇော်ခြင်း တို့ပြုလုပ်ခဲ့ကြသည်။

Earth Hour လှုပ်ရှားမှုအတွက် မတ် ၂၅ရက် ည ၈နာရီခွဲမှ ၉နာရီခွဲအတွင်း ရန်ကုန်မြို့အနှံ့အပြားရှိ လျှပ်စစ်မီး အလင်းရောင်များ မှိတ်ထားကြပြီး ကမ္ဘာတဝှမ်း လူသန်းပေါင်းများစွာနှင့်အတူ ထပ်တူ ညီညွတ်ကြကြောင်း ပြသခြင်းဖြင့် ရာသီဥတုဖြစ်စဉ်များနှင့် အလားအလာများကို ပြည်သူအများ သိမြင်လာစေရန်နှင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကို ပြောင်းလဲနိုင်မည့် အလားအလာကို မီးမောင်းထိုးပြသခဲ့ကြသည်ဟု WWF -Myanmar (ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များထိန်းသိမ်းစောက်ရှောက်ရေးအဖွဲ့-မြန်မာနိုင်ငံ)က ထုတ်ပြန်ထားပါတယ်။

“မြန်မာနိုင်ငံဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံစားရဆုံး ကမ္ဘာ့နိုင်ငံတွေထဲက တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပြောင်းလဲနေခဲ့ပြီးဖြစ်သလို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၅၀ ခုနှစ်အတွင်းမှာ သိသိသာသာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ အားလုံး ကမ္ဘာ့ရာသီဥတုနဲ့ပက်သက်ပြီး ဒီ့ထက်ပို လုပ်ကြဖို့ လိုပါတယ်။ ရွှေတိဂုံစေတီတော်မှာ ကျင်းပတဲ့ Earth Hour လှုပ်ရှားမှုကို တက်ရောက်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကို ပြုပြင်ပြောင်းလဲနိုုင်တဲ့ လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပြီး ဖြစ်သွားပါပြီ။” ဟု WWF-မြန်မာ၏ ဌာနေမန်နေဂျာ ခရစ္စတီးဝီလျံက ပြောသည်။

ရန်ကုန် Earth Hour လှုပ်ရှားမှုတွင် WWF ၏ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ သံတမန်တစ်ယောက်ဖြစ်သည့် မိုးလေဝသ နှင့် ဇလဗေဒပညာရှင် ဒေါက်တာဦးထွန်းလွင်၊ WWF ၏ Earth Hour သံတမန်နှင့် နာမည်ကျော်အဆိုတော်၊ တေးရေးဆရာ ဘန်နီဖြိုး နှင့် Miss Face of Beauty Myanmar 2015 ဆုရှင် အလှမယ် နှင့် WWF ၏ လူငယ်သံတမန် ခြူးစစ်ဟန် အပါအဝင် စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူ ထောင်ကျော်တိုု့ ပါ၀င်ဆင်နွှဲခဲ့ကြသည်။ အဆိုုပါ အခမ်းအနားတွင် ဆရာခိုင်သင်းသာ၊ ဆရာဒီရေ၊ ဆရာသိန်းထွန်းဦးတိုု့ ကဲ့သိုု့သော နာမည်ကျော်ပန်းချီဆရာများ၊ ကာတွန်းဆရာများ၊ ရုပ်ပြောင်ကာတွန်းဆွဲဆရာ ၁၂ ဦးကျော်တို့လည်း ပူးပေါင်းပါဝင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required