အသက်အငယ်ဆုံး အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ် ဒိုင်လူကြီး ခင်ချမ်းမြေ့သူ

22 March 2017
အသက်အငယ်ဆုံး အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ် ဒိုင်လူကြီး ခင်ချမ်းမြေ့သူ

အသက် ၉ နှစ်အရွယ်ကစလို့ ဂျူဒိုအားကစားမှာ ထူးချွန်အောင်မြင်ခဲ့တဲ့အပြင် နိုင်ငံတကာအသိအမှတ်ပြု အမျိုးသမီးဒိုင်အဖြစ်ပါ ရွေးချယ်ခံခဲ့ရသူတစ်ယောက် ရှိပါတယ်။ သူကတော့ ဂျူဒိုအားကစားမှာ အသက်အငယ်ဆုံး နိုင်ငံတကာအသိအမှတ်ပြု ဒိုင်လူကြီးဖြစ်လာသူ မြန်မာအမျိုးသမီး မခင်ချမ်းမြေ့သူပါ။

မဇ္စျိမ

ငယ်စဉ်ကတည်းက အားကစားကို ဝါသနာပါခဲ့တဲ့ မခင်ချမ်းမြေ့သူဟာ ဂျူဒိုအားကစားနဲ့ အသက် ကိုးနှစ်အရွယ်မှာ စတင် ရင်းနှီး ကျွမ်းဝင်ခဲ့ပါတယ်။ သူမ စကစားစဉ်က သတ်မှတ်အလေးချိန် မရှိတာကြောင့် ပြိုင်ပွဲဝင်နိုင်ဖို့ ဝိတ်တန်းမှီအောင် မနည်း ကြိုးစားခဲ့ရကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါတယ်။

မခင်ချမ်းမြေ့သူ

ပထမဆုံးပြိုင်ပွဲကို ဆရာတို့က ဘယ်လိုပြောမလဲဆိုတော့ လူသစ် သက်ငယ်ဆိုတဲ့ ပြိုင်ပွဲမျိုး ကိုယ့်နယ်မှာပဲကိုယ်ချမှာ။ ကိုယ့်နယ်ရဲ့မိုးလုံလေလုံ အားကစားဝင်းထဲမှာပဲ ပြိုင်တယ် အဲဒီပွဲလည်းကျရော စမ်းပြိုင်ကြည့်ပေါ့ ကိုယ့်အရည်အချင်းလည်း ကိုယ်သိရအောင်ပေါ့။ ဆိုတော့ ဝိတ်ချိန်ကြည့်တယ်။ ချိန်ကြည့်တော့ ဝိတ်တန်းမမှီဘူးဖြစ်နေတယ်။ ဝိတ်တန်းမတူရင် ပေးမပြိုင်နဲ့ဆိုတော့ ဝိတ်အရမ်းဟနေလို့ရှိရင် ချရင် ဝိတ်အသေးလေးက ဒဏ်ရာရသွားမယ်။ အစကတည်းက ၂၅-၃၀ ဆိုတဲ့ အဓိပ္ပာယ်မှာ ၂၅ ကီလိုရယ် ၃၁ လောက်က တစ်ကီလိုလောက်လျော့ရင် ၃၀ ဖြစ်တာဆိုတော့ အဲဒီဘောင်တန်းကလူတွေ ချကြတာဆိုတော့ ကိုယ်က ၂၀ ကျော်လေးနဲ့ ၃၀ ကျော်တို့ ချကြမှာဆိုတော့ ၁၀ ကီလိုကြီး ကွာနေတာဆိုတော့ ဆရာတို့က ပေးမချချင်ဘူး။

နောက်ပြီးတော့ ကိုယ့်ပညာကို ကိုယ်က အတင်းကြီးပဲ သိချင်နေတာလေ။ အရည ်အချင်း ဘယ်လောက်ရှိပြီလဲဆိုတာကိုပေါ့။ အဲဒါနဲ့ ဆရာကို အပူတိုက်တာပေါ့။ ဆရာ့ကို ဒီတစ်ခါပဲတိုက်မယ် အများသူငါရှေ့မှာ ဘောင်ဝင်အောင်တော့ လုပ်ရတာပေါ့။ အတင်းပဲ ဆရာတပည့်ဆိုပြီးတော့ ဝင်ပြိုင်ခိုင်းလို့ကလည်း မဖြစ်ဘူး။ အဲဒါနဲ့ လက်မှာ နာရီတွေအများကြီးပတ်တယ်။ အိကျႌကိုလက်ရှည်ဝတ်တယ်။ ဘောင်းဘီကျတော့လညး် အထဲမှာ ရေစိုဘောင်းဘီ ထပ်ဝတ်သေးတယ်။ အဲတော့မှ ဝိတ်က လေးမှာလေ။ ပြီးရင် ဘောင်းဘီရဲ့ အတွင်းအိတ်ထဲမှာ အလေးတုံးတွေ ထည့်ချုပ်ထားတာ။ ကိုယ့်ဝိတ်ဘယ်လောက်လိုတယ်ဆိုတာ ကိုယ်က သိနေတာကို။ အဲတော့မှ ဝိတ်က ပြည့်သွားတယ်။ အဲဒီမှာ ဝင်ပြိုင်ဖြစ်တယ်။ ပထမဆုံး ချတဲ့ပြိုင်ပွဲမှာပဲ ရွှေတံဆိပ်ရတယ်။

မဇ္စျိမု

ဂျူဒိုအာကစားကို ဝါသနာပါလွန်းလှတဲ့ မခင်ချမ်းမြေ့သူဟာ ပထမဆုံးပြိုင်ပွဲမှာပဲ ရွှေတံဆိပ်ဆုကို ရရှိခဲ့သူဖြစ်ပြီး မြောင်းမြမြို့မှာဆိုရင် ဂျူဒိုဆိုတာနဲ့ သူမနာမည် တွဲသိလာရအောင်ကို ပွဲတိုင်းကျော်တဲ့အဆင့် ဖြစ်ခဲ့ပါတယ်။ မြို့နယ်အဆင့် ပွဲတွေမှာ အောင်ပွဲတွေ ဆက်လာပြီးတဲ့နောက်မှာတော့ ရန်ကုန်မြို့ထိတက်ပြီး ပြိုင်ပွဲတွေဝင်နိုင်ဖို့ သူမ အပြင်းအထန် ကြိုးပမ်းခဲ့ပါတယ်။

မခင်ချမ်းမြေ့သူ

အမတို့ဝတ်စုံက အရမ်းကြမ်းတယ် ကြမ်းတော့ အဲဒါကို ကိုင်နိုင်ဖို့ ကြာကြာမြဲအောင်ကိုင်နိုင်ဖို့ အုတ်ခဲကိုကိုင်ပြီးတော့မှ နည်းစနစ်ကို လေ့ကျင့်ရတယ်။ ပြီးလို့ရှိရင် ဘာလုပ်ရလဲဆိုတော့ အပင်တွေမှာ စက်ဘီးရဲ့ ကျွတ်တို့ တာယာတို့ကို ချည်ပြီးတော့ အဲဒါတွေကို ဆွဲရတယ်။ အဲဒီအချိန်ကျတော့ အမက ကလေးလေး ပိစိလေးလည်းဖြစ်သေးတယ် ကိုယ့်ဝိတ်ကလည်း ဟိုမမှီဒီမမှီနဲ့ဆိုတော့ အစကတည်းကလည်း ညှပ်တယ်လေ။ အဲတော့ အုတ်ခဲတစ်လုံးကိုတောင် မနည်းကိုင်ရတယ်။ အဲတော့ ဆရာတို့ကသိတယ်။ ကိုယ်ဆိုလို့ရှိရင် ဝိတ်လည်းသေးတယ် ကလေးလည်းဖြစ်တယ် မိန်းကလေးလည်းဖြစ်တယ်။ အဲတော့ ချမ်းမြေ့သူ ဒီအုတ်ခဲတစ်လုံးကိုပဲ နှစ်ဖက်ကိုင် ဆရာပြောချင်တာက တစ်လုံးကို ဟိုဘက်ဒီဘက်ကိုင်လိုက်ရင် ဒါက ချမ်းမြေ့အနေနဲ့ဆိုရင် အတော်ပဲပေါ့။ ဆိုတော့ ကိုယ်ကလည်း မရဘူး သူများတွေ တစ်ဖက်တစ်လုံးကိုင်နေတာ ငါ့ကိုကျတော့ ဆရာက ဒီလိုမျိုး ခိုင်းရသလားဆိုပြီး ချမ်းမြေ့ ရအောင်လုပ်တယ်။ ဆရာလုပ်ခိုင်းတဲ့ အခါငါးဆယ်ကို ရအောင်လည်း လုပ်တယ်။ ပြီးတော့ လက်က အံသေပြီးတော့ ပြန်ဆန့်လို့မရတော့ဘူး။ လက်ကောက်အတိုင်းပဲ အိမ်ကိုပြန်ရတယ်။ ဘယ်လိုမှကို ပြန်ဆန့်လို့မရဘူး။

မဇ္စျိမ

အသက် ၁၁ နှစ်အရွယ်မှာတင်ပဲ ရန်ကုန်မြို့ရှိ ပြိုင်ပွဲတွေမှာ စတင်ပြိုင်ခဲ့ပြိး ပွဲတိုင်းမှာ ရွှေတံဆိပ်ရခဲ့တာကြောင့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆယ်မြောင်းဝန်ကြီးဌာနရဲ့ ဌာနဂုဏ်ဆောင် အားကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

မခင်ချမ်းမြေ့သူ

ဌာနလက်ရွေးစင်ဆိုပြီးတော့ ဝန်ကြီးဌာနတစ်ခုကလေ ချမ်းမြေ့ကို လစာတစ်ခုအနေနဲ့ သတ်မှတ်ပြီးတော့ ခေါ်လိုက်တဲ့အချိန်မှာ ချမ်းမြေ့အသက်က ၁၁ နှစ်ပဲရှိသေးတယ်။ အဲဒီအချိန်မှာစခေါ်တော့ သူတို့ သင့်တော်တဲ့ရာထူးလေးပေါ့။ ပေးထားတယ်။ ချမ်းမြေ့က အသက်က ၁၁ နှစ် လူကတော့ ရုံးမှာ ရာထူးတစ်ခုနဲ့ဖြစ်နေပြီ တကယ်ဆို ၁၀ တန်းအောင် ဘွဲ့ရတွေမှပဲ ခန့်တဲ့ရာထူးမျိုးကို ချမ်းမြေ့ အဲဒီအချိန်မှာကတည်းက ရနေပြီ။ လစာလည်းရနေပြီ။ အဲဒီအချိန်တုန်းက လစာ ၃၀၀၀ ဆိုတာက ချမ်းမြေ့တို့အတွက်က အရမ်း တန်ဖိုးရှိတယ်လေ။

မဇ္စျိမ

ဂျူဒိုအားစကားမှာ ထူးချွန်တဲ့ မခင်ချမ်းမြေ့သူဟာ အားကစားအတွက်ပဲ အချိန်ပေးခဲ့တာမဟုတ်ဘဲ ကျောင်းပညာရေးမှာလည်း အဆင့် ၁ မှ ၁၀ အတွင်း အမြဲဝင်ခဲ့သူဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း မြောင်းမြမြို့မှာပဲ ဖြေဆိုခဲ့ပြီး စာမေးပွဲဖြေဆိုပြီးကတည်းက ရန်ကုန်မြို့သို့ ပြိုင်ပွဲများ ဝင်ရောက်ရန်အတွက် တက်လာဖြစ်ခဲ့ပါတယ်။ တဖြည်းဖြည်း ဂျူဒိုအားကစားမှာ အောင်မြင်မှုတွေရရှိလာပြီး သူမဟာ ပညာရေးကိုလည်း လက်လွှတ်မခံခဲ့ပါဘူး။ တက္ကသိုလ်ဆက်တက်ရန် အခက်အခဲတွေရှိခဲ့ပေမယ့်လည်း ပညာရေးကို တက်မြောက်အောင် သူမ အတက်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။

မခင်ချမ်းမြေ့သူ

ကျောင်းတက်ရမယ့်အချိန်ကျတော့လည်း အဖွဲ့ချုပ်ကပဲ စာတွေထုတ်ပေးတယ်။ ထုတ်ပေးပြီးတော့ တက်ရမှာက ပုသိမ်မှာ ပုသိမ်တက္ကသိုလ်ဖြစ်တဲ့အတွက် ပုသိမ်မှာပဲ တက်ဖြစ်လိုက်တယ်။ အဲဒီအချိန်မှာ ဂျူဒိုအဖွဲ့ချုပ်က ခွင့်ပေးတယ်။ သွားတက်တယ်။ အနီးကပ်သွားတက်တဲ့အချိန်ကျတော့ ဘာဖြစ်လဲဆိုတော့ ဒီမှာက ဂျူဒိုက တစ်ရက်ပြတ်သွားရင် တစ်ရက် အရမ်းနစ်နာသလို ခံစားရတယ်။ အဲဒါနဲ့ပဲ ဒီ ဂျူဒိုအဖွဲ့ချုပ်ကိုပဲ အကူအညီတောင်းရတာပေါ့နော်။  ချမ်းမြေ့က ပုသိမ်မှာတက်နေရတာ အဲတော့ ဂျူဒိုမှာ လွတ်သွားတာကို မခံစားနိုင်ဘူးပေါ့။ အဲဒါကြောင့်မို့ ရွေ့ပေးပါလို့ပြောတယ်။ ဆရာတို့ကတော့ အကုန်လုပ်ပေးတယ်။. ပုသိမ်တက္ကသိုလ်မှာ တစ်နှစ်တော့ သွားတက်ဖြစ်လိုက်တယ်။ ပြီးတော့မှ ဆရာတို့က စာထုတ်ပေးလိုက်တော့ ချမ်းမြေ့ကို ရန်ကုန်ကို ပြန်ပြီးတော့ လွှဲပေးတယ်။ ဒဂုံတက္ကသိုလ်မှာ စိတ်ပညာ အထူးနဲ့ ကျောင်းပြီးခဲ့ပါတယ်။

မဇ္စျိမ

၂၀၀၂ ခုနှစ် အာဆီယံ ငါးနိုင်ငံမှ ဂျူဒိုဆရာကြီးများ ရောက်လာချိန်မှာတော့ မခင်ချမ်းမြေ့သူဟာ နည်းပြတစ်ယောက်အဖြစ်ပါ အရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီနောက် နည်းပြတစ်ယောက်အနေနဲ့အပြင် အမျိုးသမီး ဒိုင်လူကြီးတစ်ယောက်အနေနဲ့ပါ ရွေးချယ်ခံရဖို့အတွက် တကမ္ဘာလုံးမှ လက်ခံတဲ့ IGS အဆင့် ခါးစည်း အနက် အဆင့်တစ်ခုကို ၂၀၀၃ ခုနှစ်မှာ ရရှိနိုင်အောင် ကြိုးစားနိုင်ခဲ့ပြန်ပါတယ်။ အဲဒီနောက် ၂၀၁၀ ခုနှစ်မှာလည်း ခါးစည်းအနက် နောက်တစ်ဆင့်ကို ထပ်မံအောင်မြင်ခဲ့ပြီးတဲ့နောက်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု အပြည်ပြည်ဆိုင်ရာ ဂျူဒိုအဖွဲ့ချုပ် ဒိုင်လူကြီးတစ်ယောက် ဖြစ်လာပါတော့တယ်။

မခင်ချမ်းမြေ့သူ

ချမ်းမြေ့က သူများကို နည်းစနစ်သင်တာထက် အဲဒီနည်းစနစ်ရဲ့ သူဝင်လိုက်တဲ့အမှားကို လိုက်ပြင်ပေးတက်တာ။ အဲလိုဆိုတော့ လူတိုင်းက မှားနေတာမျိုးမဟုတ်ဘူး Point တစ်ခု အားနည်းနေတာမျိုးရှိတယ်။ အဲဒီတစ်ခုကို ပြင်ပေးလိုက်ရင် သူ့ဘာသာသူ အလိုလို ရောက်ရောက်သွားတယ်။ အဲဒီဟာကို ကောင်းကောင်းပြင်ပေးနိုင်တဲ့အတွက် ချမ်းမြေ့က ဘယ်လောက်ည့ံတဲ့သူလာလာ ဘယ်လောက် ကျန်းမာရေးမကောငး်တဲ့သူလာလာ ချူချာတဲ့လူပဲလာလာ နောက်ဆုံး ဝါသနာနည်းနည်းပဲပါပြီးတော့ မိဘကပဲ စေတနာနဲ့လွှတ်လွှတ် အကြောင်းအမျိုးမျိုးနဲ့ မျက်စိလည်ပြီးတော့ပဲလာလာ အဲဒီလူက ဂျူဒိုမှာ ပျော်သွားရမယ်။ ဂျူဒိုအကြောင်းကို သူ ရသွားစေရမယ။် အဲလိုမျိုး ပုံစံမျိုးရောက်အောင် ချမ်းမြေ့က သင်ပေးတက်တယ်။ ချမ်းမြေ့ နည်းပြဆိုတာကိုလည်း စိတ်ဝင်စားတယ်။ လက်ရွေးစင်ဘဝကြီးနဲ့ ရွှေတံဆိပ်တွေယူပေးမယ်ဆိုရင် မြန်မာ့အလံကြီးခြံုပြီးပြန်လာရင် ရွှေတစ်ဆုပဲရမယ်။ ငါက ဒီဂျူဒိုအသင်းကြီးကို အုပ်ချုပ်ပြီးတော့ သင်မယ်ဆိုရင် ရွှေငါးဆုလည်းဖြစ်နိုင်တယ် လေးဆုလည်းဖြစ်နိုင်တယ်။ ဒါတွေက ငါ အများကြီးပဲ ပွားနိုင်တယ်ဆိုတဲ့စိတ်မျိုးနဲ့ နည်းပြလုပ်မယ်ဆိုပြီးတော့ ဆရာကို ကတိပေးလိုက်တော့ ဆရာက တစ်ခါ နည်းပြလိုင်းကို လုပ်ပေးတယ်။

Mizzima Weekly