ချန်ပီယံလိဂ်မဲခွဲပွဲကို စိတ်မဝင်စားဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီပြော

ချန်ပီယံလိဂ်မဲခွဲပွဲကို စိတ်မဝင်စားဟု အက်သလက်တီကိုနည်းပြ ဆီမြွန်နီပြော

မတ် ၁၆၊ စပိန် ။              ။ အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက သောကြာနေ့ညတွင် ကျင်းပပြုလုပ်မည့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မဲခွဲပွဲ အခမ်းအနားကို စိတ်ဝင်စားခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ဗုဒ္ဓဟူးညက လီဗာကူဆင်အသင်းကို ဂိုးမရှိသရေကစားခဲ့ပြီး နှစ်ကျော့့ပေါင်း ၄-၂ ဂိုးဖြင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်းသည် အက်သလက်တီကိုအသင်းအတွက်   လေးရာသီဆက်တိုက် ကွာတားတက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ အက်သလက်နှင့်အတူ ရီးယဲလ်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့တ်မွန်၊ ဂျူဗင်တပ်စ်၊ မိုနာကိုနှင့်လက်စတာတို့တက်ရောက်နိုင်ခဲ့ကြသည်။

ဆီမြွန်နီက ‘ဒီတစ်ပတ်မှာ ကစားရမယ့် ဆီဗီလာနဲ့ လာလီဂါပွဲစဉ်အတွက်ကိုပဲ အာရုံစိုက်ထားပါတယ်။ ချန်ပီယံလိဂ်မဲခွဲမှုမှာ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ အက်သလက်အသင်းက   ပြုပြင်ပြောင်းလဲနိုင်မှာလည်း မဟုတ်ပါဘူး။

ဒါကအရေးကြီးတဲ့ အဆင့်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက ပြိုင်ပွဲရဲ့ အဆင့်တစ်ခုပါပဲ။ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရတာက တကယ်ကို ထူးခြားပြီး စပါယ်ရှယ်ပါပဲ။ ဒီပြိုင်ပွဲက အသင်းအတွက် အရေးကြီးပါတယ်’ ဟု ပြောဆိုခဲ့သည်။

အက်သလက်အသင်းမှာ လက်ရှိတွင် လာလီဂါ၌ အဆင့်လေးနေရာတွင် ရပ်တည်နေပြီး ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်ရရှိမည့် အဆင့်သုံးနေရာမှ ဆီဗီလာနှင့်လေးမှတ်ကွာဟနေသည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required