တိဗက်တော်လှန်မှု ၅၈ နှစ်မြောက်အဖြစ် အိန္ဒိယမြို့မှာ တိဗက်လူငယ်များ စုရုံး

တိဗက်တော်လှန်မှု ၅၈ နှစ်မြောက်အဖြစ် အိန္ဒိယမြို့မှာ တိဗက်လူငယ်များ စုရုံး

ဘန်ဂလို၊ မတ် ၁၁ ။         ။ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ တိဘက်တော်လှန်မှု ၅၈ နှစ်ပြည့်မြောက်အဖြစ် အိန္ဒိယနိုင်ငံက ဘန်ဂလိုမြို့မှာ တိဗက်လူငယ်ရာပေါင်းများစွာ မတ် ၁၀ ရက်က စုရုံးခဲ့ကြပါတယ်။

တိဗက်လူငယ်ကွန်ဂရက်ကို တက်ရောက်ကြသည့် တက်ကြွလှုပ်ရှားသူ လူငယ်တွေက တိဗက်ယဉ်ကျေးမှုတွေကို ကျင်းပကြပြီး တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်တော်လှန်ရေးမဟာဗျူဟာအရေးတွေကို ဆွေးနွေးခဲ့ပါတယ်။

“ဒီနေ့မှာ ကမ္ဘာတစ်လွှားက တိဗက်ပြည်သူတွေက တိဗက်အမျိုးသားတော်လှန်ရေးနေ့ နှစ်ပတ်လည်ကိုကျင်းပပါတယ်။”လို့ တိဗက်လူငယ်ကွန်ဂရက်က စာတမ်းဖတ်ကြားပါတယ်။

“တိဗက်အမျိုးသားအချုပ်အခြာအာဏာအတွက် အသက်ပေးသွားကြတဲ့ မျိုးချစ်တိဗက်အမျိုးသား၊ အမျိုးသမီးတွေကို လေးလေးနက်နက် ဂါရဝပြုအပ်ပါတယ်။”လို့လည်း ဖတ်ကြားခဲ့ပါတယ်။

တိဗက်လူငယ်အများစုက ၎င်းတို့ရဲ့ ပါးနဲ့ နဖူးတွေမှာ တရုတ်နိုင်ငံက တားမြစ်ထားတဲ့ တိဗက်အလံကို ရေးခြယ်ထားကြသလို “တိဗက်လွတ်မြောက်ရေး” ကိုလည်း ကြွေးကြော်ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required