ဆောင်းရာသီ အပြောင်းအရွှေ့ပိတ်သိမ်းချိန် ကစားသမားခေါ်ယူမှု အသုံးစရိတ် တရုတ်စူပါလိဂ်က ပရီးမီးယားလိဂ်ကို ကျော်ဖြတ်

ဆောင်းရာသီ အပြောင်းအရွှေ့ပိတ်သိမ်းချိန် ကစားသမားခေါ်ယူမှု အသုံးစရိတ် တရုတ်စူပါလိဂ်က ပရီးမီးယားလိဂ်ကို ကျော်ဖြတ်

တရုတ်ဘောလုံးကလပ်များဟာ နိုင်ငံရဲ့ ဆောင်းရာသီကာလ အပြောင်းအရွှေ့အတွင်း ကစားသမားခေါ်ယူမှု အသုံးစရိတ် ပေါင် ၃၃၁ သန်းအထိ ကုန်ကျခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့စရိတ်ကို ကျော်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆောင်းရာသီ အပြောင်းအရွှေ့ကာလဟာ အင်္ဂါနေ့က ပိတ်သိမ်းခဲ့ပြီး တရုတ်စူပါလိဂ် ကလပ်အသင်း ၁၆ သင်းက အင်္ဂလန်ထိပ်တန်းအဆင့် ကလပ်အသင်း ၂၀ ရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ သုံးစွဲခဲ့တဲ့ ပေါင် ၂၁၅ သန်းကို ကျော်ဖြတ်သွားခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ဖွင့်လှစ်ထားတဲ့ ဆောင်းရာသီ စုစုပေါင်း အသုံးစရိတ်မှာ စူပါလိဂ်အတွက် စံချိန်တင်ခဲ့ပါတယ်။

အော်စကာရဲ့ ရှန်ဟိုင်း SIPG အသင်းဆီ အပြောင်းအရွှေ့ဟာ ပေါင် ၆၀ သန်းခန့်ဖြစ်ပြီး ရှင်ဟိုင်းရှင်ဟွာအသင်းက ကားလို့စ်တီဗက်ဇ်အတွက် ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘောလုံးရာသီအသစ်မှာတော့ တရုတ်ကလပ်အသင်းများမှာ နိုင်ငံခြားကစားသမားဦးရေကို ကန့်သတ်လိုက်ပါတယ်။ မတ်လမှာ စတင်မယ့် ရာသီသစ်မှာ တရုတ်နိုင်ငံသားမဟုတ်တဲ့ ကစားသမား ၃ ဦးသာ ပွဲထွက်ပါဝင်ခွင့်ရှိစေမှာဖြစ်ပါတယ်။

လက်ရှိတရုတ်စူပါလိဂ်မှာ အော်စကာ၊ တီဗက်ဇ်၊ ဝစ်ဆယ်၊ ရာမီရက်ဇ်၊ လာဗက်ဇီ၊ တီဇီရာ၊ မီခေးလ်၊ ပယ်လီ၊ ယီမက်ဇ်၊ ပေါ်လင်ဟို၊ အော်ဂက်စတို၊ ဂွါရင်၊ မာတီနက်ဇ်၊ ကာဗယ်ဟိုစတဲ့ ထိပ်တန်းကစားသမားများကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

Ref; BBC Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required