ကင်ဂျုံးနမ်ကို VX ဓာတုအဆိပ်ဖြင့် လုပ်ကြံတဲ့ သက်သေအချက်အလက်များ မျှဝေပေးရန် မလေးရှားကို ဗြိတိန်တိုက်တွန်း

ကင်ဂျုံးနမ်ကို VX ဓာတုအဆိပ်ဖြင့် လုပ်ကြံတဲ့ သက်သေအချက်အလက်များ မျှဝေပေးရန် မလေးရှားကို ဗြိတိန်တိုက်တွန်း

လန်ဒန်၊ ဖေဖော်ဝါရီ ၂၈ ။                 ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်ရဲ့ ဖအေတူမအေကွဲ အစ်ကိုဖြစ်သူကို VX ဓာတုအဆိပ်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သက်သေအချက်အလက်များကို   ဝေမျှပေးအပ်ရန် ကုလသမဂ္ဂနဲ့အတူ တိုက်တွန်းကြောင်း မလေးရှားကို ဗြိတိန်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

VX ဓာတုအဆိပ် သက်သေများ ရရှိပါက ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယားအပေါ် အရေးယူဖြစ်စေနိုင်ပါတယ်။

ကွာလာလမ်ပူလေဆိပ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ကင်ဂျုံးနမ်အသတ်ခံရမှုနဲ့ ပတ်သက်တဲ့ သက်သေအချက်အလက်တွေကို မလေးရှားနိုင်ငံအနေနဲ့ ဓာတုလက်နက်များတားမြစ်ရေးဆိုင်ရာအဖွဲ့အစည်း OPCW ထံ ဝေမျှပေးအပ်သင့်ကြောင်း ဗြိတိန်သံအမတ်ကြီး မတ်ဒရူးရိုင်ခရော့ဖ်က ဆိုပါတယ်။

“ဒီသက်သေတွေ မလေးရှားမှာ ရှိတယ်ဆိုရင် OPCW နဲ့ လုံခြုံရေးကောင်စီထံ ပေးပို့သင့်တယ်။”လို့ သတင်းထောက်များကို မက်ဒရူးက ပြောပါတယ်။

ဂျပန်သံအမတ်ကြီး ကိုရိုဘီရှိုကလည်း မလေးရှားအနေနဲ့ သတင်းအချက်အလက် မျှဝေဖို့ ဆုံးဖြတ်သင့်တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံဟာ အဆိပ်ဖြစ်ဓာတုဓာတ်ငွေ့ အသုံးပြုမှု ဆန့်ကျင်ရေး ကွန်ဗင်ရှင်းမှာ ပါဝင်လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required