ချယ်လ်ဆီးအသင်း လမ်းပတ်ကို ဂုဏ်ပြုသွားရန် အစီအစဉ်ရှိ

ချယ်လ်ဆီးအသင်း လမ်းပတ်ကို ဂုဏ်ပြုသွားရန် အစီအစဉ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ချယ်လ်ဆီးအသင်းဟာ စနေနေ့ ဆွမ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖရန့်လမ်းပတ်ကို အထူးဧည့်သည်အဖြစ် ဂုဏ်ပြုသွားမယ်လို့ အတည်ပြုထားပါတယ်။

လမ်းပတ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နယူးယောက်စီးတီးအသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးသွားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူကြောင်း  ကြေငြာထားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းဟာ ချယ်လ်ဆီးရဲ့ ဂိုးသွင်း အများဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းတင်ထားပြီး စတမ်းဖို့ဘရစ်ချ်မှာ ၁၃ နှစ်တာ ကာလအတွင်း ကစားခဲ့ရာမှာ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဖလားတွေ ရရှိခဲ့ပါတယ်။

ချယ်လ်ဆီး အိမ်ကွင်းမှာ ကစားမယ့် ဆွမ်ဆီးနဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ အသက် ၃၈ နှစ်အရွယ် လမ်းပတ်ကို ကွင်းထဲဝင်ရောက်လာစေပြီး ပရိသတ်တွေနဲ့အတူ တွေ့ဆုံခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required