အစ္စရေးအပေါ် ကုလသမဂ္ဂ၏ ပြစ်တင်ချက်များမှာ တစ်ဖက်သက်ဆန်လွန်းကြောင်း သြစတြေးလျ ဝေဖန်

အစ္စရေးအပေါ် ကုလသမဂ္ဂ၏ ပြစ်တင်ချက်များမှာ တစ်ဖက်သက်ဆန်လွန်းကြောင်း သြစတြေးလျ ဝေဖန်

ဖေဖော်ဝါရီ ၂၂ ။               ။ အစ္စရေးနိုင်ငံအပေါ် ကမ္ဘာ့ ကုလသမဂ္ဂ၏ ပြစ်တင်ကန့်ကွက်ထားချက်များမှာ တစ်ဖက်ဇောင်းနင်း ကျနေကြောင်း သြစတြေးလျ ဝန်ကြီးချုပ်က ဝေဖန်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၂ ရက်က နိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိလာသော အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု နှင့် တွေ့ဆုံပြီးနောက်ပိုင်း သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန်မ် တန်ဘူးလ်က အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။

အနောက်ဘက်ကမ်းဒေသနှင့် ဂျေရုဆလင်အရှေ့ပိုင်းတို့တွင် အစ္စရေးတို့၏ အိမ်ယာအခြေချတည်ဆောက်နေမှုများအပေါ် ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြစ်တင်ကန့်ကွက်သည့် ထုတ်ပြန်ချက် ထွက်ရှိလာမှုအပေါ် သြစတြေးလျဝန်ကြီးချုပ်က အစောပိုင်းကတည်းက ဝေဖန်ထားခဲ့သူဖြစ်သည်။

အစ္စရေးအစိုးရ၏ လုပ်ဆောင်ချက်များအပေါ် မိမိတို့အနေဖြင့် ဆက်လက်ထောက်ခံပေးသွားမည်ဖြစ်ကြောင်း တန်ဘူးလ်က ပြောဆိုလိုက်သည်။

တိုက်ရိုက်တွေ့ဆုံမှုများမှတဆင့် ပြဿနာကိစ္စများကို အဖြေရှာသွားရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် အစ္စရေးတို့၏ လုံခြုံရေးအပေါ် မထိခိုက်စေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သြစတြေးလျခေါင်းဆောင်က အစ္စရေးဝန်ကြီးချုပ် နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required