ထရမ့်က သတင်းစာရှင်းလင်းပွဲ ခေါ်ယူပြီး မီဒီယာတွေကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်

ထရမ့်က သတင်းစာရှင်းလင်းပွဲ ခေါ်ယူပြီး မီဒီယာတွေကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်

နယူးယောက်၊ ဖေဖော်ဝါရီ ၁၇ ။            ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပွဲဆူတဲ့ သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၁၅ ရက်က ခေါ်ယူကျင်းပလိုက်ပါတယ်။

၇၅ မိနစ်ခန့်ကြာတဲ့ ခုသတင်းစာရှင်းလင်းပွဲမှာ ဒေါ်နယ်ထရမ့်က မီဒီယာတွေကို ပယ်ပယ်နယ်နယ် ဝေဖန်ပါတယ်။ ၎င်းတို့အစိုးရ လုပ်ဆောင်မှုတွေကို မရိုးမဖြောင့်၊ အမုန်းစိတ်အပြည့်နဲ့ ဖော်ပြနေတယ်လို့ ထိုးနှက်ပါတယ်။

အိမ်ဖြူတော်က အသေးစိတ် ချိန်ညှိယန္တရားလို လည်ပတ်နေတာဖြစ်ကြောင်း၊ အစိုးရထံကနေ သတင်းပေါက်ကြားမှုတွေ ရှိတာအမှန်ပေမယ့် ဒါကို မီဒီယာတွေက ဖော်ပြရင် အလိမ်အညာသတင်းတွေပဲ ဖြစ်နေကြောင်း ထရမ့်က ပြောပါတယ်။

“ကျွန်တော် တီဗီဖွင့်လိုက်တယ်။ သတင်းစာ ကောက်ယူလိုက်တယ်။ ဒီမှာ ကျွန်တော် မြင့်တာတော့ ပရမ်းပတာတွေပါပဲ။ တကယ့်ကို ပရမ်းပတာတွေပါ။ ဒါပေမယ့် အဲဒီပရမ်းပတာတွေက အလွန်ကို ဆန့်ကျင်ဖက်တွေကို ဖော်ပြနေတာပါ။”လို့ ထရမ့်က ဆိုပါတယ်။

သတင်းထောက်တစ်ဦးရဲ့ မေးခွန်းကို တုံ့ပြန်ဖြေကြားရာမှာတော့ ခုအစိုးရက အသေးစိတ်ချိန်ညှိယန္တရားလို လည်ပတ်နေတာဖြစ်တယ်လို့ ထရမ့်က ဖြေပါတယ်။

ခုသတင်းစာ ရှင်းလင်းပွဲဟာ ထရမ့် သမ္မတအဖြစ် ကျမ်းသစ္စာဆိုပြီးနောက်ပိုင်း လေးကြိမ်မြောက်ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required