အိမ်ဖြူတော်အား ဖောက်ခွဲပစ်ချင်သည်ဆိုသော သူမ၏ မှတ်ချက်အား မက်ဒေါနား ကာကွယ်ပြောဆို

အိမ်ဖြူတော်အား ဖောက်ခွဲပစ်ချင်သည်ဆိုသော သူမ၏ မှတ်ချက်အား မက်ဒေါနား ကာကွယ်ပြောဆို

ပြီးခဲ့သောစနေနေ့က ဝါရှင်ဒီစီတွင်ပြုလုပ်ခဲ့သော အမျိုးသမီးထုချီတက် ဆန္ဒပြပွဲ၌ မထီမဲ့မြင်ပြုလုပ်လိုမှုများ လွှမ်းခြုံ ထားသော မိန့်ခွန်းကိုပြောဆိုခဲ့သည့် နာမည်ကျော်ပေါ့ပ်အဆိုတော် မက်ဒေါနားက သူမဟာ အိမ်ဖြူတော်ကိုဖေါက် ခွဲပစ်ဖို့ တွေးထားသည်ဆိုသော စကားနှင့် ပတ်သက်၍ ဒါဟာ တင်စားပြောကြားရုံသက်သက်သာဖြစ်ကြောင်း ပြော ခဲ့သည်။

လူမှုမီဒီယာများပေါ်တွင်ဝေဖန်ခံနေရသော မက်ဒေါနား၏ မိန့်ခွန်းဟာ အမေရိကန်ပြည်ထောင်စု၏ သမ္မတသစ် ဖြစ်လာသောဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြသော သိန်းသန်းနှင့်ချီသည့် လူအုပ်ကြီးအား တိုက်ရိုက်တင်ဆက် နေသောအချို့ ရုပ်သံလိုင်းများ၏ တင်ဆက်မှုအား ရုတ်တရက်ပြတ်တောက်သွားစေခြင်းကို ဖြစ်ပေါ်စေခဲ့သည်။

သူမ၏ အဆိုပါမှတ်ချက်စကားဟာ လူမှုမီဒီယာများပေါ်၌ ချက်ချင်းဝေဖန်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး သူမ၏ မိန့်ခွန်း အားတိုက်ရိုက်ထုတ်လွှင့်ခဲ့သော youtube ပေါ်တွင်လည်း အင်တာနက်သုံးစွဲသူများက သူမအား မိစ္ဆာမ ဟု ခေါ်ဝေါ်သမုတ်ခဲ့ကြသည်။

“ကျမဟာ ရုန့်ရှင်းကြမ်းတမ်းတဲ့ သူတစ်ယောက်မဟုတ်ပါဘူး” လို့ အဆိုတော်ကသူမ၏ အင်စတာဂရမ်၌ရေးသားခဲ့ သည်။ “ ကျမက တင်စားပြောကြားခဲ့ရုံသက်သက်သာဖြစ်ပြီး အရာရာကို ကျမအမြင်နှစ်မျိုးနဲ့ပဲကြည့်ပါတယ်။ တစ်ခုကတော့ မျှော်လင့်ချက်နှင့်ကြည့်တာဖြစ်ပြီး ကျန်တဲ့တစ်ခုကတော့ နာကြည်းမှု၊ ဒေါသတို့နဲ့ ခံစားပြီးကြည့် ခြင်းပါ။ ကျမကိုယ်တိုင်ကတော့ အဲ့ဒီ့ဒုတိယတစ်ခု အတိုင်းခံစားရပါတယ်” လို့ရေးသားခဲ့ကာ သူမ၏ မှတ်ချက် အတွက်ပြန်လည်ဖြေရှင်းခဲ့သည်။

အသက်၅၈နှစ်အရွယ်ရှိ ပြီဖြစ်သော အဆိုတော်မက်ဒေါနားဟာ ပြီးခဲ့သောစနေနေ့က ဒေါ်နယ်ထရမ့်အား ဆန္ဒပြ သောလူအုပ်ကြီးကို ဦးဆောင်ခဲ့ပြီး “ဟုတ်တယ်။ ငါတို့အဆင်သင့်ပဲဟေ့” လို့ကြွေးကြော်ခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required