ကမ္ဘောဒီးယားတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းကို ဖျက်သိမ်း

ကမ္ဘောဒီးယားတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းကို ဖျက်သိမ်း
Photo: AFP

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးမှုများကို ဒူဘိုင်း၌ ကျင်းပစဉ် ကမ္ဘောဒီးယားအနေဖြင့် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ကျောက်မီးသွေးစီမံကိန်းတခုအတွက် အစီအစဉ်များကို ဖျက်သိမ်းပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ၏ စွမ်းအင်ဝန်ကြီးက နိုဝင်ဘာ ၂၉ ရက်တွင် အေအက်ဖ်ပီကို ပြောသည်။

စီမံကိန်း ဖျက်သိမ်းမှုကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန် မန်နက်က “မနက်ဖြန်” တွင် ကြေညာလိမ့်မည်ဟု စွမ်းအင်ဝန်ကြီး ကီအို ရော့တာနက်ခ်က ပြောသည်။

ယင်းအစား ဖနွမ်းပင်သည် LNG ဓာတ်ငွေ့ရည် တင်သွင်းမှုအတွက် ဆိပ်ကမ်းတခု တည်ဆောက်ရေးကိုသာ စဉ်းစားသွားမည် ဖြစ်သည်။

“ကမ္ဘောဒီးယားအနေနဲ့ ၂၀၅၀ အရောက်မှာ ကာဘွန်ထုတ်လွှတ်မှု အသားတင်ဇီးရိုးကို ပြည့်မီရောက်ရှိနိုင်အောင်လို့ အရာအားလုံးကို လုပ်ဆောင်မယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်” ဟု ရော့တာနက်က စာသားမက်ဆေ့ချ်တခုဖြင့် ပြောသည်။

“အဲဒီမတိုင်ခင် ကျွန်တော်တို့ရဲ့ ပထမဆုံး မှတ်တိုင်က ဘက်ပေါင်းစုံ ပေါင်းစည်းထားတဲ့ မဟာဗျူဟာရဲ့ တစိတ်တပိုင်းအရ စွမ်းအင်ဆိုင်ရာ အကျိုးများခရီးရောက်မှုနဲ့ လျှပ်စစ်ဓာတ်အားသုံးစနစ် ပြောင်းမှု အစီအစဉ်တွေနဲ့အတူ ၂၀၃၀ မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေ၇၀ ရာခိုင်နှုန်းထက်မနည်း ဖြစ်ဖို့ပါပဲ”၇၀၀ မဂ္ဂါဝပ် Botum Sakor စက်ရုံကို ကိုဟ်ခေါင် ပြည်နယ် အနောက်တောင်ကမ်းခြေတလျောက် အကာအကွယ်ပေးထားသော သီးသန့်မြေရှိ မြေနေရာတခုပေါ်တွင် စီစဉ်ထားခြင်း ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required