အမ်တီဗီတေး သီချင်းဆုပေးပွဲတွင် အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် မိုင်လေဆိုင်းရပ်စ်

အမ်တီဗီတေး သီချင်းဆုပေးပွဲတွင် အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်မည့် မိုင်လေဆိုင်းရပ်စ်

နယူးယော့ခ်၊ ဇူလိုင် ၂၁ ။     ။ နာမည်ကျော် အဆိုတော် မိုင်လေဆိုင်းရပ်စ်သည် MTV ရုပ်သံလိုင်း၏ ဗီဒီယို တေးသီချင်း ဆုပေး ပွဲတွင် အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

မိုင်လေဆိုင်းရက်စ်သည် အစိမ်းရောင်ဂြိုဟ်သားဝတ်စုံကို ဝတ်ဆင်ထားကာ “MTV ရုပ်သံလိုင်း က ကျွန်မကို ဖျော်ဖြေခွင့် မပြုဘူး။ ဒါကြောင့် ဒီနှစ် ဗီဒီယိုတေးသီချင်း ဆုပေးပွဲ (VMAs) မှာ အစီအစဉ်မှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရေးသား ထားသော ပိုစတာများကို ကိုင်ဆောင်ကာ ရိုက်ထားသော ဓာတ်ပုံကို ဇူလိုင် ၂၀ ရက်က တွစ်တာပေါ်တွင် တင်ခဲ့သည်။

MTV က အဆိုပါ သတင်းကို အတည်ပြုခဲ့ပြီး တွစ်တာပေါ်တွင် တင်ထားသော ဆိုင်းရပ်စ်၏ ဓာတ်ပုံများကို share ခဲ့သည်။

ဆိုင်းရပ်စ်သည် ၂၀၁၃ ခုနှစ် VMAs ပွဲတွင် အဆိုတော် ရိုဘင်သစ်ကီ နှင့်အတူ ဖျော်ဖြေရာတွင် ရေကူးဝတ်စုံကို ဝတ်ဆင်ထား ပြီးရော်ဘာဖြင့် ပြုလုပ်ထားသော လက်ညိုး ပုံစံကို လက်တွင် ဝတ်ဆင်ကာ ကာမရာဂကို နှိုးဆွသောပုံစံဖြင့် ကပြဖျော်ဖြေခဲ့သည့် အတွက် ဆုပေးပွဲအတွင်း လူအများ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သည်။

တေးဂီတ ဗီဒီယိုတွင် အောင်မြင်မှု ရရှိထားသော အနုပညာရှင်များကို ဂုဏ်ပြုချီးမြှင့်သော VMAs ဆုပေးပွဲသည် အံ့သြဖွယ် သမိုင်းကြောင်းများ ရှိခဲ့ပြီး ဟောပြောချက်များကို လက်တန်းပြောရ သည်။

၂၀၀၉ ခုနှစ်က တေလာဆွဇ် စကားပြောကြားနေစဉ် ကာနေးဝပ်စ်က ကြားဖြတ်ပြောကြားခဲ့ပြီး ၂၀၀၃ ခုနှစ်က ဆုပေးပွဲအတွင်း ဘရစ်တနီစပီးယားသည် မက်ဒေါနားကို အနမ်းပေးနေသည့်ပုံကို မျှဝေခဲ့သည်။ VMAsဆုပေးပွဲကို သြဂုတ်၃၀ ရက် တွင်လော့စ် အိန်ဂျလိစ်မြို့ရှိ Microsoft ပြဇာတ်ရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ဆန်ခါတင်စာရင်းကို ဇူလိုင် ၂၁ ရက် တွင်ကြေညာ သွားမည်ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly