ပါကစ္စတန်တွင် ခရစ္စမတ်၌ အဆိပ်သင့်အရက် သောက်၍ လူ သုံးဆယ်ကျော်သေဆုံး

ပါကစ္စတန်တွင် ခရစ္စမတ်၌ အဆိပ်သင့်အရက် သောက်၍ လူ သုံးဆယ်ကျော်သေဆုံး

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၂၈ ။                ။ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ခရစ္စမတ်နေ့၌ အဆိပ်သင့်အရက်သောက်ပြီး သေဆုံးသူမှာ ၃၂ ဦး ရှိကာ ဒါဇင်များစွာ ဖျားနာမကျန်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုဘာတက်ဆင်းချ်မြို့တွင် အိမ်တွင် ချက်လုပ်သော အရက်သောက်သုံးကာ သေဆုံးကြသူအများစုမှာ လူနည်းစုဖြစ်သော ခရစ်ယာန်များဖြစ်သည်။

ပါကစ္စတန်တွင် အရက် ၀ယ်ယူခြင်း၊ သောက်သုံးခြင်းအား မွတ်စလင်များအပေါ် တားမြစ်ပိတ်ပင်ထားပြီး ကျန်လူနည်းစုများအနေဖြင့် အရက်ဝယ်ယူရန်အတွက် ပါမစ်လျှောက်ရန် လိုအပ်သည်။

အရက်ရောင်းချခြင်းကိုလည်း တင်းကြပ်သည့် စည်းမျဉ်းများ ချမှတ်ထားပြီး အိမ်မှာ ချက်လုပ်ကြသော အရက်များမှာလည်း တစ်ခါတစ်ရံ အဆိပ်ဖြစ်မှုများ ဖြစ်ပွားတတ်သည်။

ထိုသို့သော အရက်သောက်သုံးကာ အဆိပ်ဖြစ်သေဆုံးမှုသည် ပန်ဂျပ်ပြည်နယ်အတွင်း အောက်တိုဘာလ အတွင်းကလည်း ဖြစ်ပွားခဲ့ကာ လူ ၁၁ ဦး သေဆုံးသည်။

ယခုဖြစ်ပွားသည့် အရက်အဆိပ်သင့်မှုတွင် ဆေးရုံ၌ လူ ၂၅ ဦးအား ပြုစုကုသပေးနေရတုန်းဖြစ်ကြောင်း ရဲတာဝန်ရှိသူ မိုဟာမတ်နက်ဒင်းက ဘီဘီစီသို့ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags