တူရကီ၌ စစ်တပ်ဘတ်စ်ကားအား အသေခံကားဗုံးဖောက်ခွဲခံရ၍ စစ်သား ၁၃ ဦး သေဆုံး

တူရကီ၌ စစ်တပ်ဘတ်စ်ကားအား အသေခံကားဗုံးဖောက်ခွဲခံရ၍ စစ်သား ၁၃ ဦး သေဆုံး

အန်ကာရာ၊ ဒီဇင်ဘာ ၁၇ ။            ။ တူရကီနိုင်ငံတွင် စစ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကားအား အသေခံကားဗုံးဖောက်ခွဲ၍ စစ်သား ၁၃ ဦး သေဆုံးကာ ၅၅ ဦး ဒဏ်ရာရကြောင်း တာဝန်ရှိသူများက ပြောသည်။

ဌာနေစျေးတစ်ခုသို့ လည်ပတ်ခွင့်ရ၍ လာရောက်သည့် စစ်သားများတင်ဆောင်လာသော ဘတ်စ်ကားမှာ ကားဗုံးခွဲတိုက်ခိုက်ခံရ၍ ပျက်စီးသည်။ ဒဏ်ရာရသူများတွင် အရပ်သားများလည်း ပါဝင်ကြောင်း စစ်တပ်ပြောခွင့်ရသူတစ်ဦးက ဆိုသည်။

ယခုပေါက်ကွဲမှုသည် လူပေါင်း ၄၄ ဦး သေဆုံးသည့် အစ္စတန်ဘူလ်တွင် ကာ့ဒ်စစ်သွေးကြွများ ဗုံးခွဲတိုက်ခိုက်မှုအပြီး တစ်ပတ်အတွင်း ဖြစ်ပွားခြင်းလည်းဖြစ်သည်။

ယခုကေဆာရီအရပ်တွင် ဖြစ်ပွားသော တိုက်ခိုက်မှုမှာ စစ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကားနောက်တွင် အသေခံဗုံးခွဲသမားက ကားကို ကပ်ရပ်ကာ ဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်ကြောင်း   ပြည််နယ်အုပ်ချုပ်ရေးမှူး ဆူလီမန်ကမ်စီက ပြောသည်။

တူရကီနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်အတွင်း ကာ့ဒ်စစ်သွေးကြွများနှင့် ဂျီဟတ်ဝါဒီများ၏ တိုက်ခိုက်ဗုံးခွဲမှုများ အများအပြားဖြစ်ပွားသည်။

ယခုတိုက်ခိုက်မှုသည်လည်း အစ္စတူဘူလ်တွင် ကာ့ဒ်စစ်သွေးကြွများ ကျုးလွန်ခဲ့သည့် တိုက်ခိုက်မှုနှင့် ပုံစံတူကြောင်း လက်ထောက်ဝန်ကြီးချုပ် ကေနက်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required