အင်အား ရစ်(ခ်)တာစကေး ၃.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

အင်အား ရစ်(ခ်)တာစကေး ၃.၀ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ကမ္ဘာအေး မြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၅) မိုင်ခန့် ကွာဝေးတဲ့နေရာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး (၃.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီဇင်ဘာ ၁၄ ရက် ညပိုင်းအချိန်မှာ လှုပ်ခတ်သွားကြောင်း မိုးလေဝလနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၆ ခုနစ်၊ ဒီဇင်ဘာလ(၁၄)ရက်နေ့့ မြန်မာစံတော်ချိန် (၁၉)နာရီ (၅၀)မိနစ် (၁၀)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၅) မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (မှော်ဘီမြို့ရဲ့ အနောက်တောင်ဘက် (၁၃) မိုင်ခန့်အကွာ)ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required